ဒေးဗစ်ဘက်ခမ်း ဂိုးသွင်းနိုင်ပါက အောင်ပွဲခံမည်ဟု အေစီမီလန် ကစားသမား ပြောကြား

alt

ဒေးဗစ် ဘက်ခမ်းသည် မန်ချက် စတာ ယူနိုက် တက် အား ဂိုးသွင်း နိုင်ပါက အောင်ပွဲခံ မည်ဟု မိမိ ယုံကြည်ကြောင်း ကလာရင့် ဆီးဒေါ့ က ပြောကြား လိုက်သည်။

အေစီမီလန် အသင်းမှ ဟော်လန် လက် ရွေးစင်ဟောင်း ကွင်းလယ် ကစားသမားက ဘက်ခမ်းသည် ၎င်း၏ ဘောလုံးသမား ဘဝ စတင်ရာ ကလပ်အသင်းနှင့် ရင်ဆိုင်ရသည့် အတွက် စိတ်လှုပ်ရှား နေကြောင်း၊ ယူနိုက်တက် အား ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် ဘက်ခမ်း အား တွေ့မြင်လိုကြောင်း ပြောကြားခဲ့သည်။

ဘက်ခမ်းသည် အမေရိကန် ကလပ် လော့စ်အိန်ဂျလိစ် ဂလက်ဆီမှ မီလန်တွင် အငှား လာ ကစားနေ ခြင်း ဖြစ်ပြီး ယခု သီတင်းပါတ် ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်တွင် ယူနိုက်တက်နှင့် ပြန်လည် တွေ့ဆုံ မည် ဖြစ်သည်။ ဆီးဒေါ့က အင်္ဂလန် ချန်ပီယံ အသင်းသည် ခရစ်စတီယာနို ရော်နာဒို ကဲ့သို့ အဓိက ကစားသမား မျိုးကို ဆုံးရှုံး ထားပြီးနောက် မိမိတို့က အသာရဖွယ် ရှိနေကြောင်း The Sun သတင်း စာသို့ ပြောကြားခဲ့သည်။

ထို့အပြင် ဘက်ခမ်းသာ ဂိုးသွင်း နိုင်ပါက အပြည့်အဝ အောင်ပွဲခံရန် ရှိပြီး တိုက်တွန်းကြောင်းလည်း ဆီးဒေါ့က ဆိုသည်။ အသက် (၃၄)နှစ်ရှိ ဆီးဒေါ့က မီလန်သည် ပေါ်လို မာဒီနီ နှင့် ရီကာဒိုကာကာ တို့အား ဆုံးရှုံးပြီးနောက် ချန်ပီယံ လိဂ်တွင် အောင်ပွဲဆင်ရန် ခက်ခဲနိုင်ကြောင်း ဝန်ခံခဲ့သော်လည်း အကောင်းဆုံး ကြိုးစားသွားမည်ဟု ပြောကြား ထားသည်။

ဆီးဒေါ့က ယခုနှစ် ချန်ပီယံလိဂ်တွင် လက်ရှိ ချန်ပီယံ ဘာစီလိုနာ နှင့် ချဲလ်ဆီး တို့သာ အခွင့်အရေး အကောင်းဆုံး ဖြစ်နိုင်ကြောင်း သုံးသပ် ထားသော်လည်း အခြား အသင်း များကိုလည်း လျှော့တွက်၍ မရနိုင်ကြောင်း မှတ်ချက် ပြုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here