အပျင်းထူ ခြင်းကြောင့် လူ့သက်တမ်း တိုနိုင်သည်ဟု ဆေးပညာ စစ်တမ်းက ဖော်ပြ

alt

ဆေးပညာ စစ်တမ်း တခုက အပျင်းထူခြင်း သည် ကျန်းမာရေးကို ထိခိုက် စေရုံမျှမက လူ၏ သက်တမ်းကို တိုစေကြောင်း သတိပေး ဖော်ပြ လိုက်သည်။

ငယ်ငယ် ရွယ်ရွယ်နှင့် အပျင်းထူသူ များသည် သာမန်လူ များထက် အသက်တို တတ်ကြောင်း သုတေသီများက ဆိုသည်။

လန်ဒန် တက္ကသိုလ်မှ ပညာရှင်များက အပျင်း ထူခြင်းသည် သာမန်အားဖြင့် ကျန်းမာရေးကို ထိခိုက်မှု မရှိစေသော်လည်း အလွန်အကျွံ အ ရက် သောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ မူး ယစ်ဆေးဝါး သုံးစွဲခြင်း စသည်တို့ကို လုပ်ကိုင် ချင်စိတ် ပေါ်လာအောင် ဆွဲဆောင် လေ့ရှိပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာ များကို ပေါ်ပေါက် လာစေတတ်ကြောင်း ထောက်ပြ ခဲ့သည်။

(၁၉၈၅) ခုနှစ်မှ (၁၉၈၈) ခုနှစ်အတွင်း အသက် (၃၅)နှစ်မှ (၅၅) နှစ်ကြား လူ (၇၀၀၀) ကျော်၏ အမူအကျင့် များ နှင့် ဆေးမှတ်တမ်း များကို ချိန်ထိုး လေ့လာကြည့်ပြီး နောက် သုတေသီများက ယခု ရလဒ်အား ကြေညာခဲ့ခြင်း ဖြစ် သည်။ တလချင်းစီ အလိုက် မိမိတို့ အနေနှင့် အကြိမ်ပေါင်းမည်မျှ ပျင်းရိ ငြီးငွေ့စွာ နေထိုင်ခဲ့ကြောင်း ဖြေဆို ထားသည့် မှတ်တမ်းများအရ အကြိမ်များများ ပျင်းခဲ့သူ များသည် အသက်အရွယ် ကြီးရင့် လာချိန်တွင် ကျန်းမာ ရေး ယိုယွင်းမှု ပိုမိုဖြစ်ပေါ် တတ်သည်ကို တွေ့ရှိ လာရသည်။

International Journal of Epidemiology တွင် ဖော်ပြထားမှု အရ အပျင်းထူခြင်းသည် ရောဂါဘယများ ထူပြော လာစေသည့် အဓိက အကြောင်းရင်း မဟုတ်သော် လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အပြင် ကျန်းမာ ရေး ယိုယွင်းစေမည့် အပြုအမူများ စွဲကပ်လာစေ တတ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here