နေတိုး တပ်ဖွဲ့များ အာဖဂန် တာလီဘန် များအား အလုံးအရင်းဖြင့် ထိုးစစ်ဆင်

alt

အမေရိကန် ဦးဆောင်သော နေတိုး တပ်ဖွဲ့ များနှင့် အာဖဂန် နစ္စတန် စစ်တပ်များသည် တာလီဘန်တို့ အင်အား တောင့်တင်းစွာ တပ်စွဲ ထားသည့်

မာဂျားမြို့သို့ အလုံးအရင်း ထိုးစစ် ဆင်နေပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ (၁၅)ရက် နေ့တွင် အာဖဂန် တောင်ပိုင်းရှိ လူဦးရေ (၈၀၀၀၀)မျှ နေထိုင် သော မြို့လေး၏ မြောက်ပိုင်း (၂.၅)မိုင် အကွာ အထိ နေတိုး တပ်ဖွဲ့မှ မရိန်းစစ်သည်များ ချဉ်းကပ် လာနိုင်ပြီဟု သိရှိရသည်။

ယခုစစ်ပွဲသည် အာဖဂန်အား အမေရိကန်တို့ ဝင်ရောက် တိုက်ခိုက်သည့် (၂၀၀၁)ခုနှစ် နောက်ပိုင်း အကြီးကျယ်ဆုံး ထိုးစစ်ကြီး ဖြစ်လာပြီး တာလီဘန် တို့အား အမြစ်ပြတ် ချေမှုန်းရန် ရည်ရွယ်ထား သည်။ ရဟတ်ယာဉ်များ၏ လေကြောင်းမှ တရစပ် ပစ်ကူပေးမှုကြောင့် စစ်ကြောင်းများသည် ပိုမို လျင်မြန်စွာ ချီတက် လာနိုင်ခဲ့ကြောင်း နေတိုး စစ်ဦးစီးများ ဆိုသည်။

ယခုတိုက်ပွဲတွင် နေတိုးစစ်သည် (၁၅၀၀၀) အပြင် အာဖဂန်စစ်သည် (၇၅၀၀)တို့ ကပါ ပူးတွဲပြီး ပြင်းပြင်းထန်ထန် ထိုးစစ် ဆင်လာခြင်း ဖြစ်သည်။ နေတိုး တပ်ဖွဲ့က ဒုံး ကျည် ပစ်ခတ်မှုများ အတွင်း အရပ်သား (၁၂)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ထိုးစစ် အရှိန်အဟုန်ကို လျှော့ချသွားမည် မဟုတ်ဟု အတည်ပြုခဲ့သည်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့က ထိုးစစ် စတင်ခဲ့ပြီး နောက်တရက်တွင် အမေရိကန်နှင့် ဗြိတိန် တပ်ဖွဲ့ဝင် တဦးစီ သေဆုံးခဲ့ပြီး တာလီဘန် စစ်သွေးကြွ (၂၇)ဦး ထက်မနည်း သေဆုံးကြောင်း သတင်းများက ဆိုသည်။ မော့ရှတာ ရက်ဟု အမည် ပေးထားသည့် စစ်ဆင်ရေးကြီးသည် လက်ရှိ အချိန်တွင် အောင်မြင်မှုများ ရနေပြီး မာဂျားမြို့အား ရက်ပိုင်းအတွင်း သိမ်းယူနိုင်မည်ဟု နေတိုးတပ်ဖွဲ့ စစ်ဦးစီးများက ယုံကြည်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here