မုဒိမ်းမှုများ ဖြစ်ပွားရာတွင် အမျိုးသမီး များပါ တာဝန်မကင်း ဟုဆို

alt

ဗြိတိန် အမျိုးသမီး အတော် များများက မုဒိမ်း မှုများတွင် အပြုကျင့် ခံရသော အမျိုးသမီး များပါ တာဝန်မကင်းဟု ယူဆ ကြကြောင်း သိရှိရသည်။

အထူးသဖြင့် အမျိုးသမီး များ၏ မြှူဆွယ်မှု ဆန်ဆန် အကများ၊ အပြူအမူ များနှင့် ခပ်ရဲရဲ ဖော်လွန်းသည့် အဝတ်အစား များသည် မုဒိမ်း မှုအတွက် အားပေး အားမြှောက် ဖြစ်စေ တတ်ကြောင်း ဗြိတိန် အမျိုးသမီး များက ယုံကြည် ထားကြသည်။

အမျိုးသမီး (၁၀၀၀) ထံမှ ကောက်ယူသော စစ်တမ်းအရ (၅၄) ရာခိုင်နှုန်းသည် မုဒိမ်းမှု များအတွက် အမျိုးသမီး များတွင်လည်း အပြစ် မကင်းဟု ယူဆကြောင်း အဖြေပေး ခဲ့ကြသည်။

ထို့အပြင် အမျိုးသားများ အနက် (၁၃) ရာခိုင်နှုန်း ကလည်း မိမိတို့သည် ဘာဖြစ် နေသည်ကို မသိအောင် မူးနေသော အမျိုးသမီး များနှင့် လိင် ဆက်ဆံဖူးကြောင်း ဝန်ခံ ခဲ့ကြသည်။ အမျိုးသမီး အများစုက အသက် (၁၈)နှစ် နှင့် (၂၄)နှစ် အရွယ် အမျိုး သမီးလေး များသည် မုဒိမ်းကျင့် သူထက် အဆိုပါ ကိစ္စအတွက် တာဝန် ပိုရှိကြောင်း အမျိုးသမီးများက ယုံကြည်နေ ကြသည်။

(၂၄)ရာခိုင်နှုန်း ကလည်း တိုလွန်းသော စကဒ်များ ဝတ်ဆင်ခြင်း၊ တစိမ်း အမျိုးသား တဦးက အရက် တိုက်သည်ကို အလွယ်တကူ လက်ခံခြင်းစသည့် အခြေအနေ များက မုဒိမ်းမှုကို တွန်းအား ဖြစ်စေကြောင်း လက်ခံခဲ့ကြသည်။ Wake Up To Rape အမည်ရှိ စစ်တမ်းအရ အမျိုးသမီး (၁၄) ရာခိုင်နှုန်းက မုဒိမ်းကျင့်ကြောင်း တိုင်ကြား မှုများသည် လုပ်ကြံ ဖန်တီးမှုက များနေသည်ဟု လက်ခံ ထားကြောင်း သိရှိရသည်။

အမျိုးသမီး အများစုက မုဒိမ်းမှုများကို ရှောင်လွှဲနိုင်ရန် ကျောင်းသင်ခန်းစာများ အတွင်း လိင်နှင့် ပတ်သက်သော အနိုင်ကျင့် စော်ကားမှုများ အတွက် ပညာပေးမှုများကို ပိုမိုပြုလုပ် သင့်ကြောင်း ဆန္ဒ ပြုကြသည်။ အသက် (၁၈)နှစ်မှ (၂၄)နှစ်ကြား အမျိုးသမီး အတော်များများက အရက်ဘားတွင် အမျိုးသား တဦး၏ မိတ်ဖွဲ့မှုကို အလွယ်တကူ လက်ခံခြင်းသည် မုဒိမ်းမှု တခုအတွက် အမျိုးသမီး များက မရည်ရွယ်ဘဲ အလိုတူစေသည့် အမှားတရပ် အဖြစ် ယူဆနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here