ကလေးငယ်အား မဖွယ်မရာ ပြုကြောင်း စွပ်စွဲခံရသည့် ဘုန်းတော်ကြီးထံ ပုပ်ရဟန်း မင်းကြီး သွားရောက်မည်

alt

ပုပ်ရဟန်း မင်းကြီးသည် ကလေးငယ်များအား မဖွယ်မရာ ပြုခဲ့သည်ဟု စွပ်စွဲ ခံနေရသည့် အိုင်ယာ လန်ရှိ ခရစ်ယာန် ဘုရားကျောင်းမှ ဂိုဏ်းအုပ် ဘုန်းတော်ကြီးအား တွေ့ဆုံမည်ဟု သိရှိရသည်။

ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာရေး အကြီးအမှူး ဖြစ်သူ ပုပ်ဘန်နီဒစ် (၁၆) သည် အိုင်ယာ လန် ဂိုဏ်းအုပ် ဘုန်းတော်ကြီး (၅)ဦး တို့ကို ဗာတီကန်တွင် တွေ့ဆုံသွားရန် စီစဉ် ထားသည်။ ပြီးခဲ့ သည့် နှစ်က ဒဗ္ဗလင် မြို့တော်ရှိ ထိပ်သီး ဘုန်းတော်ကြီး များသည် ဆိုးရွားသော ကလေးသူငယ် လိင် စော်ကားမှု များတွင် ပါဝင်နေသည်ဟု သတင်း များ ပြန့်လာပြီးနောက် ရဟန်းမင်းကြီးက ယင်း ကိစ္စသည် ခရစ်ယာန် သာသနာကို စော်ကား သစ္စာဖောက်ခြင်းဟု မိန့်ကြားခဲ့သည်။

ထို့အပြင် ပုပ်ရဟန်း မင်းကြီးသည် အိုင်ယာလန်မှ ဂိုဏ်းအုပ် ဘုန်းတော်ကြီး များအား နှစ်ရက်ကြာ သီးသန့် အစည်း အဝေး တခုတွင် ခေါ်ယူ တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ Commission of Investigation into the Catholic Archdiocese of Dublin မှ စစ်တမ်းအရ (၁၉၇၅) ခုနှစ်မှ (၂၀၀၄)ခုနှစ် အတွင်း အိုင်ယာလန်ရှိ ဘုရားကျောင်းများတွင် Don’t Ask, Don’t Tell မူဝါဒဖြင့် ကလေးများအား စော်ကားမှုများ ရှိခဲ့ကြောင်း သိရှိ ရသည်။

ပုပ်ရဟန်း မင်းကြီးသည် အိုင်ယာလန်၏ အကြီးကျယ်ဆုံး ဂိုဏ်းအုပ် (၅)ဦးလုံးနှင့် တွေ့ဆုံရန် စီစဉ် ထားသည့်တိုင် ဂိုဏ်းအုပ် ဘုန်းတော်ကြီး (၄)ပါးမှာ ထိုကိစ္စများ အတွက် မိမိတို့တွင် ပေါ့လျော့ တာဝန်ရှိသည် ဟုဆိုကာ နှုတ်ထွက်ရန် စီစဉ်ထား ခြင်းကြောင့် ဘုန်းတော်ကြီး ဂါဝေးမာတင်ဒရန်နန် တစ်ဦးတည်းသာ ပုပ်ရဟန်း မင်းကြီးနှင့် တွေ့ဆုံဖွယ် ရှိနေသည်။

လိင် စော်ကားမှု ခံခဲ့ရကြောင်း စွပ်စွဲထားသူများက ပုပ်ရဟန်းမင်းကြီးအား ဒရန်နန်နှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။ အိုင်ယာလန်ရှိ ဘုန်းတော်ကြီး တပါးကလည်း မိမိတို့သည် ယင်းဖြစ်ရပ် များအပေါ် အသေအချာ စုံစမ်းမိခြင်း မရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဘုန်းတော်ကြီး ဂျိုးဆက်ဒပ်ဖီ ကလည်း စွပ်စွဲခဲ့ သည့် အတိုင်း ဘုရားကျောင်း များတွင် လက်မခံနိုင်သော ကိစ္စများ အတိတ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းထောက် များအား ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here