လော့စ်အိန်ဂျလိစ် မာရသွန် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ရှားလီဘော့ဖ် စဉ်းစားနေ

alt

Transformers ဇာတ်ကား မင်းသား ရှားလီ ဘော့ဖ် က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျ လိစ်တွင် ကျင်းပမည့် မာရသွန် အပြေးပြိုင် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားနေ ကြောင်း သိရှိရသည်။

အကျိုးအမြတ် အတွက် ရည်ရွယ် ကျင်းပခြင်း မဟုတ်သော ပြိုင်ပွဲအား ပရိသတ်များ ပိုမို စိတ်ဝင်စား လာစေရန် အတွက် လီဘော့ဖ် က ယခုလို စီစဉ်နေခြင်း ဖြစ်သည်။

မတ်လ (၂၁)ရက် နေ့တွင် ကျင်းပမည့် ယင်း ပြိုင်ပွဲမှ ရရှိလာသော ရံပုံငွေ များအား အီရတ်နှင့် အာဖ ဂန်နစ္စတန်တွင် တာဝန် ထမ်းဆောင်နေသော စစ်သည် များ အတွက် အသုံးချသွားမည် ဖြစ်ရာ ရံပုံ ငွေ တိုးမြှင့် ရရှိစေရန် လီဘော့ဖ် က (၂၆.၂)မိုင် ဝေးသော ပြေးလမ်း ပေါ်တွင် ဝင်ရောက် ယှဉ်ပြိုင် ရန် စဉ်းစားလာခြင်း ဖြစ်သည်။

US VETS ဟု အမည်ပေးထားသည့် ယင်း မာရသွန်ပြိုင်ပွဲ ကျင်းပရေး ဥက္ကဌ ဒွိုင်ရက်ကလစ် က လီ ဘော့ဖ် ကဲ့သို့ Celebrity တဦးက ယခုပြိုင်ပွဲအား စိတ်ဝင်တစား ကူညီရန် ပြင်ဆင်နေခြင်း အတွက် ကျေနပ် ဝမ်းမြောက်မိ ကြောင်း ပြောကြားခဲ့သည်။ (၂၀၀၇)ခုနှစ် ကလည်း နယူးယောက် မာရသွန် ပြိုင်ပွဲတွင် ဟောလီးဝုဒ် မင်းသမီး ကေတီဟုမ်း မှာ တစိတ်တပိုင်းမျှ ဝင် ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ထိုစဉ်က သူမကို ခင်ပွန်းသည် တွမ်ခရုစ်နှင့် သမီး လေး ဆူရီတို့က အားပေးခဲ့ကြသည်။

ထို့အပြင် ယမန်နှစ်က ဗြိတိန်နိုင်ငံ၊ လန်ဒန် မာရသွန်ပွဲတွင် မော်ဒယ် ကေတီပရိုက်နှင့် ထိုစဉ်က သူမ၏ခင်ပွန်း ပီတာ အင်ဒရီ တို့သည်လည်း ပြိုင်ပွဲအစ အဆုံး ဝင်ရောက် ယှဉ် ပြိုင်ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here