အိန္ဒိယနိုင်ငံ စားသောက်ဆိုင် တခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

alt

အိန္ဒိယ ရဲတပ်ဖွဲ့သည် လူ(၉)ဦး သေဆုံးစေ သည့် စားသောက်ဆိုင် ဗုံးခွဲမှုများ အတွက် စုံစမ်းမှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။ ဖေဖော်ဝါရီလ (၁၃)ရက် နေ့က နိုင်ငံ အနောက်ပိုင်း ပွန်းမြို့ရှိ လူသိများသော ဂျာမန်

စားသောက်ဆိုင် တခုအတွင်း ဗုံးပေါက်ကွဲ ခဲ့ရာမှ သေဆုံးသူများ အတွင်း နိုင်ငံခြားသား (၂)ဦးလည်း အပါအဝင် ဖြစ်သည်။

ဖေဖော်ဝါရီလ (၁၅)ရက် နေ့မှစပြီး ဗုံးခွဲမှု တရားခံကို အင်တိုက်အားတိုက် စုံစမ်းနေပြီ ဖြစ်ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ကြေညာ သည်။ ရဲများသည် လုံခြံုရေး ကင်မရာ မှတ်တမ်းများကို လေ့လာပြီးနောက် စားသောက်ဆိုင် အတွင်း စွန့်ပစ် ထားသည့် စားပွဲဟောင်း တခုနောက်တွင် ဗုံးသမားက ဖောက်ခွဲရေး ကိရိယာအား ဝှက်ထားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက တာဝန်ရှိသူ များအနေနှင့် ဗုံးခွဲမှု လက်သည်အား အမြန်ဆုံး ဖော် ထုတ်နိုင်ရေး အတွက် ကြိုးပမ်းပေးပါရန် ပန်ကြား တောင်းဆိုလိုက်သည်။ ပွန်းမြို့မှ ရဲတပ်ဖွဲ့ အကြီးအကဲ စာတာပယ်ဆင်းက မိမိတို့သည် ယခု ပြဿနာအတွက် အဖြေရှာ ပေး နိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း (၂၀၀၈)ခုနှစ်၊ စက်တင်ဘာလ က နယူးဒေလီ မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု များအား ကြိုးကိုင်ခဲ့ကြောင်း ကြေညာခဲ့သည့် အိန္ဒိယ မူဂျာဟေဒင် များနှင့် ဆက်စပ်မှုရှိ / မရှိကိုမူ ဆင်းက ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

အိန္ဒိယတွင် ဖြစ်ပွားခဲ့သော ဗုံးခွဲမှုနှင့် ပတ်သက်ပြီး အိမ်နီးချင်း ပါကစ္စတန်ကလည်း အကြမ်းဖက်မှုကို ဆန့်ကျင် ကြောင်း ကြေညာထားသည်။ ဖေဖော်ဝါရီလ (၁၄)ရက် နေ့ကလည်း ပွန်းမြို့ခံ များသည် ဗုံးပေါက်ကွဲသည့် နေရာ အနီး စုရုံးကာ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့သည်။ လူရာပေါင်းများစွာ တို့သည် ဖယောင်းတိုင် များကို ထွန်းညှိကာ မျိုးချစ်စိတ် ထက်သန်စေသည့် သီချင်းများကို ပြိုင်တူသီဆိုရင်း ဗုံးကွဲရာ နေရာ တွင် ငြိမ်ငြိမ်သက်သက် စုရုံးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here