ဗြိတိန် နိုင်ငံတွင် ကားသူခိုးအား မောင်းသူမဲ့ လေယာဉ် အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့

alt

ဗြိတိန်တွင် ပထမဆုံး အကြိမ်အဖြစ် ကား သူခိုး ကို မောင်းသူမဲ့ လေယာဉ် (Drone) အကူအညီ ဖြင့် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။ ပျံနေ သော ဆော့ပင်ဟု

ချစ်စနိုး အမည် ပေးထားသည့် Drone သည် စစ်ပွဲများတွင် အသုံးပြုနေသည့် Drone များ ကဲ့သို့ လက်နက် တပ်ဆင်ထားခြင်း မရှိဘဲ ထောက်လှမ်းရေး ကိစ္စ အတွက်သာ အသုံးပြုရန် ရည်ရွယ်ထားသည်။

ယင်း အဝေးထိန်း ရဟတ်ယာဉ်ရုပ် ဆန်ဆန် Drone လေးသည် လီဗာပူးမြို့ အတွင်း မာ ဆေးဆိုက် ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးချိန်တွင် ထူထပ်သော မြူနှင်းများကြောင့် လွတ်မြောက် သွားသော သူခိုး အား ဖမ်းဆီး ပေးခဲ့သည်။ ရဲများသည် လိဒ်မြို့နှင့် လီဗာပူးမြို့ကို ဆက်သွယ်ပေးသည့် ဥမင်လှိုဏ်ခေါင်း အနီး ပုန်း အောင်းနေသည့် အသက် (၁၆)နှစ် အရွယ် ကားသူခိုးလေးအား Drone ၏ ထောက်လှမ်းမှုကြောင့် နောက်ဆုံး တွင် ဖမ်းဆီး လိုက်နိုင်သည်။

ပြီးခဲ့သော သီတင်းပါတ်က အောင်မြင်မှုသည် Drone တခုအား ရာဇဝတ်မှု ထောက်လှမ်းရေး အ တွက် ပထမဆုံး အကြိမ် အသုံးချ လိုက်နိုင်ခြင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ Drone လေးသည် (၃)ပေ ရှည်ပြီး ကာဘွန် ဖိုင်ဘာဖြင့် တည်ဆောက် ထားသည်။

လူကိုယ်တိုင် မမောင်းနှင်ဘဲ ထိန်းချုပ်နိုင်သည့် နည်းပညာကို သုံးစွဲထားပြီး ကိုယ်ထည်တွင် ကင်မရာများ တပ်ဆင် ထားသဖြင့် ထောက်လှမ်းရေး လုပ်ငန်းများကို အကောင်း ဆုံး ဆောင်ရွက်နိုင်သည်။ ဗြိတိန် ရဲတပ်ဖွဲ့သည် အနာဂတ် တွင်လည်း ပေါင်စတာလင် (၄၀၀၀၀)တန် အဆိုပါ Drone လေးများအား တိုးချဲ့ သုံးစွဲသွားရန် စဉ်းစားနေ ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here