ဒိုနိုဗန် အတွက် ဝမ်းမြောက် မိသည်ဟု ဒေးဗစ်ဘက်ဟမ်း ပြောကြား

alt

အင်္ဂလန် ပရီးမီးယား လိဂ်တွင် လန်ဒန် ဒိုနိုဗန် အောင်မြင်မှုများ ရရှိနေသည့် အတွက် ဝမ်းမြောက် မိကြောင်း ဒေးဗစ်ဘက်ခမ်း ကဆို သည်။

ဘက်ခမ်းရော ဒိုနိုဗန်ပါ အမေရိကန် ကလပ် လော့စ်အိန်ဂျလိစ် ဂလက်ဆီမှ ဖြစ်ကြပြီး ဥရောပတွင် အငှားလာ ကစားနေသည့် အသင်း ဖော်များ ဖြစ်ကြသည်။

အသက် (၂၇)နှစ် အရွယ်ရှိ အမေရိကန် တိုက် စစ်မှူး ဒိုနိုဗန်သည် အင်္ဂလန်ကလပ် အဲဗာတန် သို့ ရောက်ရှိ လာပြီးနောက် ခြေစွမ်းပြလျက် ရှိသည်။ အင်္ဂလန် လက်ရွေးစင် ဘက်ခမ်းမှာလည်း အီတလီ ထိပ်သီး အေစီမီလန် ကွင်းလယ်တွင် ပုံမှန်ပါဝင်ခွင့် ရနေပြီး ပရိသတ် အားပေးမှုကို ရရှိနေသည်။

အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်မှ ကစားသမားဟောင်း ဖြစ်သူ ဘက်ခမ်းက ဒိုနိုဗန် သည် အင်္ဂလန် ပရီးမီးယား လိဂ်ကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သော အမှတ်ပေးပွဲ များတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်သည့် အတွက် ချီးကျူးမိကြောင်း ပြောကြားခဲ့သည်။

ဒိုနိုဗန် မရောက်မီက အဲဗာတန်သည် တပွဲလျှင် ပျမ်းမျှ (၁.၁၅)မှတ်သာ ရရှိခဲ့သော်လည်း ဒိုနိုဗန် ရောက်လာပြီး (၆)ပွဲ အတွင်း တပွဲ ပျမ်းမျှရမှတ် (၂.၁၆) အထိ မြင့်တက်လာသည်။ ထို့အပြင် ချဲလ်ဆီးကဲ့သို့ ထိပ်တန်း အသင်းကြီး ကိုပင် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ သည့် အတွက် ကျေနပ်မိကြောင်းလည်း ဘက်ခမ်းက ပြောဆိုသွားသည်။

ဒိုနိုဗန် အနေနှင့် ခြေစွမ်းပြနေသည်ကို မအံ့ဩမိကြောင်း၊ မိမိ သိခဲ့သမျှ အနက် ၎င်းသည် အကောင်းဆုံး ကစား သမားတဦး ဖြစ်ကြောင်း အသက် (၃၄)နှစ်ရှိ ဘက်ခမ်းက ချီးကျူး သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here