အလာဘားမား တက္ကသိုလ်တွင် အမျိုးသမီး ပရော်ဖက်ဆာ၏ ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံး

alt

အမျိုးသမီး ပရော်ဖက်ဆာ တဦးက ပစ်ခတ်မှု ကြောင့် အမေရိကန်နိုင်ငံ အလာဘားမား တက္ကသိုလ်တွင် လူ(၃)ဦး သေဆုံး သွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညနေက တက္ကသိုလ် အစည်းအဝေး တခုတွင် ဒေါက်တာ အေမီဘစ်ရှော့က သေနတ်တလက်ကို ဆွဲထုတ် ကာ ဇီဝဗေဒဌာန အမှုထမ်း များအား ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။

ပန်းရောင် ဆွယ်တာကို ဝတ်ဆင်ထားသည့် ဒေါက်တာ အေမီအား ယခုအခါ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်သော်လည်း အသေးစိတ် သတင်း ထုတ်ပြန်မှုမျိုး မပြုလုပ်သေးချေ။ သူမ၏ ခင်ပွန်းသည် အာရုံ ကြောဆိုင်ရာ သိပ္ပံပညာရှင်က အေမီ စတင်ပစ်ခတ်ခြင်း မပြုမီ အခန်းတံခါးကို ဆွဲဖွင့်ကာ သူမအား တားဆီးရန် ကြိုးပမ်းခဲ့သေးကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အေမီ၏ လက်ချက်ကြောင့် နောက်ထပ်(၃)ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ သွားခဲ့သေးကြောင်း သိရှိ ရသည်။ အစည်းအဝေးခန်း အတွင်း ရှိနေသူ (၁၀)ဦးလုံးမှာ သချင်္ာနှင့် သိပ္ပံဆိုင်ရာ ဌာနများမှ ဖြစ်ကြသည်။ ရဲများသည် အေမီရော ခင်ပွန်းသည်ကိုပါ ဖမ်းဆီး ထားလိုက် ကြောင်း ပြောဆိုခဲ့သည့်တိုင် ဖေဖော်ဝါရီလ (၁၂)ရက် နေ့ညက တစုံတရာ စွဲချက် မတင်သေးဟု ဆိုသည်။ တက္ကသိုလ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရိုင်ယန်ဂါနာက လင်မယား နှစ်ဦးလုံးအား ရဲက ထိန်းသိမ်း ထားလိုက်ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူများ၏ အမည်ကိုမူ ချက်ချင်း မကြေညာသေးချေ။

ဟူစတန်ရှိ အလာဘားမား တက္ကသိုလ်အတွင်း ရှယ်ဘီစင်တာ နေရာ၌ ပစ်ခတ်မှုကြောင့် ကျောင်းပရိဝုဏ် အတွင်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားပြီး ရဲတပ်ဖွဲ့သည် သင်္ချာနှင့် သိပ္ပံ ကျောင်းသား များအား အနီးအနား အဆောက်အအုံ များမှ အလျင်အမြန် ရွှေ့ပြောင်း ပေးခဲ့ရသည်။ ယင်း တက္ကသိုလ်တွင် ကျောင်းသားပေါင်း (၇၅၀၀) မျှ ပညာသင်ကြား နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here