ထိုင်း အခြေစိုက် ရွှေဝါရောင် သံဃာများ အမေရိကားတွင် လှုံ့ဆော်မှုများ ပြုလုပ်နေ

alt

အမေရိကန် နိုင်ငံ အနောက်ဖက်ခြမ်း ဒေသတွင် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး (A.B.M.A) မှ မြန်မာ နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်

နေသော  နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြပ်အတည်း များအား အမေရိကန် ပြည်သူများ ကျယ်ပြန့်စွာ သိစေလိုခြင်း အလို့ငှါ လှုံ့ဆော်မှု များ ပြုလုပ်နေကြောင်း လူထုအသံမှ သိရှိရ သည်။

သံဃာ့ တပ်ပေါင်းစုကြီး အဖွဲ့မှ ဦးပညာဇောတ သည် ယခင်အပါတ် သောကြာနေ့က အမေရိကား အနောက် မြောက်ဒေသ ဝါရှင်တန်ပြည်နယ် ဆီအက်တယ်လ် တက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသား ဆရာ/မ များတို့အား မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အကြပ်အတည်း၊ ၂၀၁၀ ရွေးကောက်ပွဲ နှင့် သံဃာများ၏ ရပ်တည်မှု၊ ရွှေဝါရောင် တော်လှန်ရေး၏ သံဃာ့ သမိုင်းရုပ်ပုံ Burma V.J ရုပ်ရှင်ဇါတ်ကား အော်စကာဆုရရေး၊ ပြည်တွင်း အကျဉ်းစံ သံဃာများ၊ နိုင်ငံရပ်ခြား နှင့် အမေရိကား ရောက် သံဃာများ၏ ရပ်တည်မှု၊ အစရှိသဖြင့် တို့ကို အမေးအဖြေ ပုံစံမျိုး ဖြင့် ဖြေကြား တိုက်တွန်းခဲ့သည်ဟု သိရှိရသည်။

ဆက်လက်ပြီး အနောက်ဖက် ကမ်းရိုးတန်းရှိ အော်ရီဂွန် ပြည်နယ် ပို့တ်လန့် မြို့သို့ကြွချီ ခေတ္တ သီတင်းသုံးကာ ဗုဒ္ဓ ဘာသာဝင် များအား တရားရေအေး တိုက်ကျွေးခဲ့ပြီး၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ အမေရိကန် ဗုဒ္ဓဘာသာဝင် များ၏ ပင့်ဖိတ်ချက်အရ တရားပြ၊ လှုံ့ဆော်မှုများ ဆက်တိုက် လုပ်ဆောင်ဦးမည် ဖြစ်ပြီး၊ ထိုမှတဆင့် အနီးအနား ပြည်နယ် များဖြစ်သော ယူထပြည်နယ် ဆောလိတ်စီးတီး စသည်ဖြင့် ခရီးဆက်ကာ ရောက်ရာ ဒေသများတွင် အမေရိကား ရောက် မြန်မာ အသိုင်းအဝိုင်းများနှင့်လည်း တွေ့ဆုံခဲ့ခြင်းများ ရှိသည်ဟု သိရှိရသည်။

သံဃာ့ တပ်ပေါင်းစုမှ အမေရိကားရောက် သံဃာတော်များသည် ထိုကဲ့သို့ လှုံ့ဆော်မှုမျိုး လိုက်လံ လုပ်ဆောင်နေ သည်မှာ အမေရိကန် နာမည်ကျော် တက္ကသိုလ်ကြီးများ ဖြစ်သည့် ဟားဘတ်၊ ဒု့ခ်၊ ကိုလံဘီယာ၊ ဂျွန်ဟော့ပ်ကင်း နှင့် အခြားသော တက္ကသိုလ်ကြီးများ ၂၀ကျော်တွင် ဟောပြော လှုံ့ဆော်ခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here