ဥယျာဉ်ခြံမြေကို မိုင်းထောင်၍ သူခိုးရန်မှ ကာကွယ်သည့် ရုရှား ခြံလုပ်သား

alt

ရုရှားလူမျိုး ခြံလုပ်သား တဦးသည် သူခိုးရန်ကို ကာကွယ်ရန် အတွက် ရက်စက်သော နည်းလမ်း ကို အသုံး ပြုခဲ့ကြောင်း သတင်းများက ဖော်ပြ ခဲ့ကြသည်။

ပရီမော်ရီတွင် နေထိုင်သည့် အလက်ဇန်းဒါး စကော့ပင်ဆက် သည် သူ၏ ဥယျာဉ်ခြံမြေ အတွင်း ကျူးကျော် ဝင်ရောက် လာသူများ ဒုက္ခ တွေ့စေရန် မိုင်းများ ထောင် ထားခဲ့ခြင်းဖြစ် သည်။

ယင်းသည် ခြံအတွင်းနှင့် ကားဂိုဒေါင် တို့တွင် နင်းမိုင်း (၃)လုံးကို မြှုပ်နှံ ထားလိုက်ကြောင်း ABC သတင်းဌာနက ဖော်ပြခဲ့သည်။ ဖြတ်သွားဖြတ်လာ တဦးက စကော့ပင်ဆက်၏ မိုင်းတလုံးကို မတော် တဆ နင်းမိပြီးနောက် ပေါက်ကွဲသွားရာ ဒဏ်ရာများ ရရှိခဲ့ရသည်။ ရုရှား ရဲဌာနက ယင်း၏ ဒဏ်ရာ အခြေအနေကို ဖော်ပြခြင်း မရှိပေ။

နောက်ပိုင်းတွင် စကော့ပင်ဆက်က သူခိုးများအား တားဆီးနိုင်ရန် မိုင်းထောင်ထားခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ စကော့ပင်ဆက် အား ရဲတပ်ဖွဲ့က တရားမဝင် လက်နက် တည်ဆောက်မှုနှင့် ကိုင်ဆောင်မှု များဖြင့် စွဲချက်တင် ဖမ်းဆီးခဲ့ပြီး အက်ဆီရစ် ဒေသ တရားရုံးက ဆိုင်းငံ့ ထောင်ဒဏ် (၂)နှစ်ခွဲ ချမှတ်ခဲ့ကြောင်း ABC သတင်းဌာနက ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here