လေဆာ ရောင်ခြည်ဖြင့် ဒုံးကျည် ကြားဖြတ် ဟန့်တားရေး စမ်းသပ်မှု အောင်မြင်

alt

ပျံသန်း နေသော ဒုံးကျည် တစင်းအား စွမ်း အားမြင့် လေဆာ ရောင်ခြည် လက်နက်ဖြင့် ကြားဖြတ် ပစ်ချသည့် စမ်းသပ်မှုအား အလယ် ပိုင်း ကယ်လီဖိုးနီးယား ကမ်းခြေ

ဒေသတွင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီ ဖြစ် သည်။

သို့ပါသော်လည်း ကာကွယ်ရေး စံနစ်အတွက် အပြည့်အဝ အသုံးချရန်မူ အခက်အခဲများ ရှိ နေသေး ကြောင်း အမေရိကန် စစ်ဖက်က ကြေညာ လိုက်သည်။ Boeing ကုမ္ပဏီထုတ် Jumbo လေယာဉ်ကြီး တစင်းသည် ဖေဖော်ဝါရီ လ (၁၁)ရက်နေ့ ညက ဒုံးကျည် တစင်းနောက် လိုက်ပျံသန်းကာ လေဆာ ရောင်ခြည်ဖြင့် ကြားဖြတ် ပစ်ချလိုက်သည်။

ပွိုင့်မူဂူး ရေတပ်စခန်းမှ ဒုံးကျည်နောက်ဆုံး ပေါက်ကွဲသွားသည် အထိ စံနစ်တကျ မှတ်တမ်း တင်ခဲ့ကြောင်း အမေရိကန် လေတပ်မတော်က ဖေဖော်ဝါရီ (၁၂)ရက် နေ့တွင် ထုတ်ဖော် ကြေညာခဲ့သည်။ ယခု စမ်းသပ်မှုသည် ဒေါ်လာ ဘီလျံပေါင်းများစွာ ကုန်ကျ နိုင်ဖွယ်ရှိသည့် လေဆာကာကွယ်ရေး စံနစ်၏ ပထမ ခြေလှမ်းတခု ဖြစ်လာ စေရန် မျှော်လင့်ထားကြောင်း ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ် က ဆိုသည်။ သို့သော်လည်း စံနစ် တခုလုံးတွင် အလွဲအချော် အတိမ်းအစောင်း မခံနိုင်ဘဲ အန္တရာယ်ကြီး လှကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယခု လေဆာစံနစ်အား အမေရိကန်၏ လေကြောင်း ကာကွယ်ရေး လက်ရှိ သုံးစွဲနေသော နည်းဗျူဟာများ နေရာ တွင် အစားထိုး ဦးနိုင်မည်တော့ မဟုတ်ချေ။ လေဆာစံနစ် သည် လက်တလောတွင် တာတို အနေအထားမှသာ ဒုံး ကျည်များကို တားဆီးနိုင်သေးသည်။ ယခုအခါ ဒုံးကျည် ကာကွယ်ရေး အေဂျင်စီမှ ပညာရှင်များသည် ရေတပ် သင်္ဘောမှ ကြားဖြတ် ပစ်ခတ်နိုင်မည့် လေဆာ ရောင်ခြည်စံနစ်ကို အာရုံစိုက် သုတေသနပြုနေပြီး (၂၀၁၁) ခုနှစ် တွင် စမ်းသပ်နိုင်ရန် မျှော်လင့်ထားကြသည်။ လေဆာ ရောင်ခြည်သုံး ကာကွယ်ရေး စံနစ်သည် အီရန်၊ မြောက် ကိုရီးယား စသည့် နိုင်ငံဆိုး များကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်း ပြဿနာများကို တားဆီးရာတွင် ပိုမို အစွမ်း ထက် နိုင်ဖွယ်ရှိနေ သည်။

ကြာသပတေး နေ့ည စမ်းသပ်ချက်အရ ပြုပြင်မှုများ ပြုလုပ်ထားသော Jumbo ဂျက်လေယာဉ်သည် မိုဂျာဗီး သဲ ကန္တာရ အတွင်းရှိ အက်ဒွပ် လေတပ်စခန်းမှ ပျံတက်ကာ စွမ်း အင်နိမ့် လေဆာရောင်ခြည်မျှင် နှစ်ခုဖြင့် ကောင်း ကင်ရှိ ဒုံးကျည်အား အောင်အောင်မြင်မြင် ဖျက်ဆီး လိုက်နိုင်ခြင်းဟု သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here