အက်စ်ပရက်ဆို ကော်ဖီ အမြဲသောက် ပါက ကျန်းမာရေး ထိခိုက်နိုင်

alt

အက်စ်ပရက်ဆို ကော်ဖီကို ပုံမှန် သောက်သုံး နေခြင်းသည် ကျန်းမာ ရေး အတွက် ပြဿနာ အချို့ ရှိစေနိုင်ကြောင်း ပညာရှင် များက သတိပေး ပြောကြား လိုက်သည်။

ကဖိန်းဓာတ် အမြောက်အမြား ပါသည့် ကော်ဖီ ကြောင့် နှလုံးတွင် သွေးစီးဆင်းနှုန်းကို အား လျော့ သွားစေကြောင်း သုတေသီများက ဆို သည်။

ယင်းကိစ္စသည် ကော်ဖီကြောင့် သာမန်ထက် (၂၀) ရာခိုင်နှုန်းမျှ မြင့်တက် လာစေနိုင်ပြီး နှလုံးအတွက် မလိုလားအပ်သော ပြဿနာ များကို ဖြစ်စေ နိုင်သည်ဟု အီတလီ သုတေသီ များက ပြောကြားခဲ့သည်။ အက်စ်ပရက်ဆို ကော်ဖီ သောက်သုံးမှုသည် ကမ္ဘာနှင့်အဝှမ်း တစထက် တစ မြင့်တက် လာမှုကြောင့် မည်သို့သော အကျိုးအပြစ်များ ဖြစ်လာနိုင်သည်ကို ပါလာမို တက္ကသိုလ်ရှိ သုတေသီ များက လေ့လာ ပြီးနောက် ယခုလို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အက်စ်ပရက်ဆို တခွက်တွင် ကဖိန်းဓါတ် ပမာဏ (၁၃၀) မီလီဂရမ်မျှ ပါလေ့ရှိရာ သာမန် ကော်ဖီတွင်ပါသော (၇၅) မီလီဂရမ်နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြား နေ သေးသည်။ ယင်းကြောင့် သွေးကြောများ ကျဉ်းခြင်း၊ သွေးစီး ဆင်းမှု နှေးကွေးခြင်း များကို ဖြစ်ပေါ် လာစေနိုင်ကြောင်း သုတေသန စစ်တမ်းတွင် ဖော်ပြခဲ့ကြသည်။ သို့သော် လည်း ကဖိန်း လျှော့ထားသည့် အက်စ်ပရက်ဆို ကို စမ်းသပ် သောက်သုံး ကြည့်ရာတွင်မူ သာမန်ထက် သွေးစီးဆင်းမှု အနည်းငယ်မျှ ပိုမိုမြန်ဆန် လာကြောင်း ဖော်ထုတ် နိုင်ခဲ့ ခြင်း ဖြစ်သည်။

ပညာရှင်များက ကဖိန်းဓာတ်သည် သွေးကြောများ အတွင်းရှိ လူ့ခန္ဓာကိုယ်အား အကျိုးပြုသည့် ဓာတ်ပြုမှု များအား ပိတ်ပင်ထား လိုက်ခြင်းကြောင့် ယခုလို သွေးစီးဆင်းမှုကို နှောင့်နှေးစေခြင်း ဖြစ်ကြောင်း ၎င်းတို့၏ သုတေသန စစ်တမ်းတွင် ဖော်ထုတ် ရေးသားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here