ဝင်းဒိုးလ် (၈) မကြာမီ ထပ်ထွက် ဦးမည်လော

alt

နည်းပညာ ဈေးကွက်တွင် မိုက်ခရို ဆော့ဖ်၏ နောက်ထပ် တိုက်ကွက် နှင့် လှုံ့ဆော်မှု တခု ဖြစ် သော ဝင်းဒိုးလ် (၈) အား မကြာမီ ထပ်မံ ထွက်ရှိ လာမည်ဟု

ယင်း ကုမ္မဏီ၏ ဘလော့ဂ် msdn.com တွင် အကျဉ်းချုံး ရေးသားထားသည်။

ထို ဗါးရှင်းအသစ်ကို အသုံးပြုနိုင်ရန် အချိန် အကန့်အသတ် ရှိသည်ဟု ထင်မြင်ရပြီး၊ အလျှင်အမြန် ဒေါင်းလုပ် ဆွဲချရန် ညွှန်ကြား ထားသည်ကို တွေ့မြင်ရသည်။

အမည်မသိသူ ပညာရှင်တဦးမှ ယင်း ဘလော့ဂ်တွင် ဆိုထားသည့်အတိုင်း ဖြစ်မည်ဆိုလျှင် ယခုနှစ်အတွက် အများ မျှော်လင့် ထားသော ဝင်းဒိုးလ်(၈) အော်ပရေးရှင်း စံနစ်မှာ တစုံတခုသော အပြောင်းအလဲများ ဖြစ်လာမည်ဟု ကြိုတင် ပြောဆိုလိုက်သည်။ ယခင် လကလည်း ကောလဟာလ အဖြစ် ဝင်းဒိုးလ် (၈) မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထွက်ရှိလာမည်ဟု နည်းပညာ လောကတွင် သတင်း ဖြစ်ခဲ့သေးသည်။

မိုက်ခရိုဆော့ဖ် အသုံးပြုသူများ၏ အွန်လိုင်းဆိုင်ရာ ဥရောပ အကြီးအကဲ ဂျွန်မဂ္ဂဲလားရ်မှ “ဝင်းဒိုးလ် (၈)ဟာ သင့်ရဲ့ ဉာဏ်ပညာကို ပေါက်ကွဲ ဖေါက်ခွဲ ထွက်စေရမယ်” ဟု ညွှန်းဆို လိုက်သည်။ လွန်ခဲ့သော နှစ် ဇွန်လိုင်လတွင် စတင် ထုတ်ဝေခဲ့သော ဝင်းဒိုးလ်(၇) မှာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုက္ကရိုဆော့ဖ် ကုမ္မဏီ၏ အကျိုးအမြတ် ၆၀ ရာခိုင် နှုန်း အထိ မြှင့်တက် လာစေကြောင်း သိရှိရသည်။

ယခု နှစ်ပိုင်းအတွင်း မိုက္ကရိုဆော့ဖ်၏ ဈေးကွက် အသာစီးရမှုအား ခြိမ်းခြောက် လာနိုင်သော ဂူဂဲလ်၏ အင်တာနက် သုံးသူများအတွက် အလကား ဖြန့်ချီမည်ဟု ဆိုသော ခရွိုမ်း(Chrome O.S) စံနစ်နှင့် အက်ပဲလ်၏ နောက်ဆုံးပေါ် အိုင်ပက် (iPad) မှာလည်း မိုက္ကရိုဆော့ဖ် အတွက် စိမ်ခေါ်ဖက်ကောင်း ဖြစ်၍ ဝင်းဒိုးလ် (၈) မှာ မိုက္ကရိုဆော့ဖ် အ တွက် ဈေးကွက်လု နည်းပညာတိုက်ပွဲ များအတွက် ကြိုတင် ဆင်ယင်ထားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here