ကလေးများအား ငယ်စဉ် ကတည်းက ကိုယ့်အားကိုယ်ကိုး တတ်စေရန် လွှတ်ထားပေးသင့်

alt

မိမိတို့၏ ကလေးကို စူးစိုက် အလေးထား တတ်သည့် အကျင့်မျိုး ဖြစ်လာစေလိုသော မိဘများသည် ၎င်းတို့အား ငယ်စဉ် ကတည်းက တတ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုး

တတ်စေရန် လွှတ်ထား ပေးသင့်ကြောင်း ပညာ ရှင်များက အကြံပြုခဲ့ကြသည်။

ကလေးများအား အကူအညီ သိပ်မပေးသလို တားမြစ်မှုလည်း သိပ်မလုပ်ခြင်းသည် အသက် အရွယ်ကြီးရင့် လာသည့်အခါ ဂီတ၊ အားကစား နှင့် ၎င်း ဝါသနာပါသည့် အခြားသော နယ်ပယ် များတွင် ပိုမိုအာရုံ စူးစိုက် လာတတ်သလို ပိုပြီးလည်း ထူးချွန်တတ်ကြောင်း သုတေသန လေ့လာမှု အသစ်တခုက ဖော်ပြထားသည်။

ကလေးငယ်များသည် ငယ်ဘဝ ကတည်းက ၎င်းတို့ အားသန်ပြီး ဝါသနာပါသည့် အပြုအမူများကို ပြုလုပ် လာတတ် ကြောင်း သုတေသီများက ဆိုသည်။ မိဘများက နေရာတကာ ကူညီပေးခြင်း၊ ရိုက်နှက်မှု၊ ဆူပူမှုများဖြင့် ဖိအားပေး တားမြစ်ခြင်းများသည် ကလေး၏ ကိုယ်ရည် ကိုယ်သွေးကို ကျဆင်း သွားစေတတ်ကြောင်း မွန်ထရီရဲယ် တက္ကသိုလ်မှ စိတ်ပညာ ပရော်ဖက်ဆာ ဂျီနီဗီဗီ မက်ဂွဲရားက ပြောကြားခဲ့သည်။

၎င်းနှင့် ကနေဒါ ပညာရှင်များသည် Autonomy ခေါ် စိတ်ပညာ သုတေသန လုပ်ငန်းတခုကို လေ့လာမှုများ ပြု လုပ်ပြီးနောက် ယခု တွေ့ရှိချက်အား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ငယ်စဉ် ဘဝက မိဘများ၏ စွက်ဖက်မှုကို ခံရခြင်းအလိုက် အသက် (၆)နှစ်မှ (၃၈)နှစ် အထိ အသက်အရွယ် ရှိနေသူများ၏ ဝါသနာအလိုက် အာရုံ စူးစိုက်မှုနှင့် ထူးချွန်မှုများမှာ ကွာခြားနေသည်ကို မက်ဂွဲရား နှင့် လုပ်ဖော်ကိုင်ဖက်များက ဖော်ထုတ်နိုင်ခဲ့သည်။

အခြားသော လေ့လာမှု စစ်တမ်း နှစ်ခုကလည်း ကလေးငယ်များ၏ ငယ်ဘဝတွင် မိဘများ၏ ကူညီမှု၊ နှောင့်ယှက်မှု တို့ကိုလိုက်၍ အသက်အရွယ် ကြီးလာချိန်တွင် ထူးချွန်ထက်မြက်မှု အရည်အသွေး ကွာခြားစေတတ်ကြောင်း ထောက် ခံ ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here