နိုင်ငံနှင့်အဝှမ်း မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေး ရောဂါရှင်များ တိုးပွားနေ

alt

ယမန်နေ့က မြန်မာစစ် အစိုးရ၏ နောက်ဆုံးထုတ်ပြန် ကြေညာချက် အရ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့တွင် လူ၁၁ဦး New Influenza A(H1N1) ရောဂါ ဖြစ်ပွားနေကြောင်း

ဓါတ်ခွဲခန်း များ၏ အတည်ပြုချက်ဖြင့် ကြေညာ လိုက်သည်။

ယခင်အပါတ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့ က ပင် ချင်းပြည်နယ် ဖလမ်းမြို့အနီး ရွာတရွာ တွင် လူ၄ဦး New Influenza A(H1N1) ဆွိုင်းဖလူ ဖြစ်ပွားနေကြောင်း စတင်တွေ့ရှိရကာ ယခုအပါတ် အတွင်းမှာပင် နေပြည်တော်၌ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲတွင်လည်း ဆွိုင်းဖလူ ဖြစ်ပွားနေသူများ ဆက်တိုက် နိုင်ငံအနှံ့ နေ့စဉ်နှင့်အမျှ တွေ့ရှိနေရခြင်း ဖြစ်သည်။ ဖြစ်ပွားနှုန်း အများဆုံးကို ဒဂုံမြို့သစ် မြောက်ပိုင်းတွင် ယင်းရောဂါပိုးရှိ လူနှင့် သံဃာ ၄၇ဦးကို တွေ့ရှိရပြီး၊ ဒုတိယ အများဆုံးမှာ နေပြည်တော် တွင် ဖြစ်သည်ဟု သိရှိရသည်။

ယခုလို ကူးစက်မှုနှုန်း မြန်ဆန်သော ရောဂါများ ဖြစ်ပွား နေသော်လည်း နိုင်ငံနှင့် အဝှမ်းအတွက် ကမ္ဘာ့လူ တုပ်ကွေး ကပ်ရောဂါ ကာကွယ်ရေး သတိပေးနှိုးဆော်ချက် များအတိုင်း တိကျစွာ လိုက်နာခြင်း ရှိမရှိကို မည်သူမှ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ကျန်းမာရေး ဋ္ဌာနမှ ဝန်ထမ်းဟောင်း တဦးက လူထုအသံသို့ တွက်ဆ ပြောဆို လိုက်သည်။ ထို့အပြင် အလားတူ ရောဂါနွယ်ဝင်မျိုး (H5N1) ခေါ် ကြက်ငှက် တုပ်ကွေး ရောဂါလည်း ပြည်တွင်း၌ ထပ်မံ ဖြစ်ပွားနေသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here