ဂျော့ရှ်ကလူနီးလ် ပါဝင်သော Batman ဇာတ်ကား ထာဝရ အညံ့ဆုံးအဖြစ် မဲပေးခံရ

alt

ဟောလီးဝုဒ်၏ နာမည်ကျော် ကြေး အကြီးဆုံး နှင့် ယခုနှစ် အော်စကာဆု တစ်ကြိုပြေး နေသော မင်းသားတလက် ဖြစ်သည့် ဂျော့ရှ် ကလူးနီးလ် ပါ၀င်သော

Batman ဇာတ်ကား အား ထာဝရ အညံ့ဆုံး ရုပ်ရှင်အဖြစ် စစ်တမ်းတခုက မဲပေး ဖော်ပြ လိုက်သည်။

အမေရိကန် Empire မဂ္ဂဇင်းက ကောက်ခံ သော စစ်တမ်းတွင် ကလူနီးလ်၊ ခရစ်အိုဒါနယ် နှင့် အူမာသာမန် တို့ပါဝင်ထားသည့် Batman & Robin ဇာတ်ကားအား အညံ့ဆုံး အဖြစ် ပရိသတ်များက မဲပေး ခဲ့ကြသည်။ အဆိုပါ ဇာတ်ကားသည် (၁၉၉၇) ခုနှစ်၊ ရုံတင်ပြသ ကတည်းက ဇာတ်လမ်း မပေါ်လွင်မှုနှင့် ဝတ်စား ဆင်ယင်မှု ညံ့ ဖျင်းခြင်း များကြောင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။

မင်းသား ကလူးနီးလ် ကိုယ်တိုင်ကလည်း ထိုဇာတ်ကားသည် ခန့်မှန်း ထားသလောက် မကောင်းမွန်ကြောင်း ဝန်ခံခဲ့ဖူး သည်။ သို့သော်လည်း Batman ကဲ့သို့ လူသိများသော Super Hero ဇာတ်ကောင် တဦးအဖြစ် သရုပ်ဆောင် ခဲ့ရ ခြင်းအား နောင်တ မရဟု မင်းသားက ပြောကြားလိုက် သည်။ Empire မဂ္ဂဇင်း ပရိသတ်က မဲပေးသည့် အညံ့ဆုံး ရုပ်ရှင် စာရင်းတွင် ဂျွန်ထရာဗိုတာ ပါဝင်သည့် Battle field Earth က ဒုတိယ ရရှိခဲ့သည်။

ယမန်နှစ်က အပြင်းအထန် ဝေဖန်မှုများ ခံခဲ့ရသည့် The Love Guru မှာမူ တတိယအဖြစ် စာရင်းဝင် သွား ကြောင်း အပြင် ယခုနှစ် အော်စကာဆု တစ်ကြိုပြေးသည့် ရာသီတွင် လှုပ်လှုပ်ရှားရှား ဖြစ်စေမည့် အင်ပါရာ မဂ္ဂဇင်း၏ မဲပေးမှု ကောက်ခံထားသော စာရင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here