မြန်မာ ကျောင်းသားများအား ဩစတြေးလျ နိုင်ငံမှ ပညာသင်ခွင့် ထောက်ပံ့မည့်

alt

ဩစတြေးလျ နိုင်ငံမှ လူသားအရင်း အမြစ် ဖွံ့ဖြိုးမှု အထောက်အပံ့ အကူညီ ပေးရေး အစီ အစဉ်များ အရ မြန်မာနိုင်ငံမှ ဘွဲ့ကြို ပညာသင် ကျောင်းသူ/ကျောင်းသား  

များအား ပညာသင်ခွင့် ပေးကာ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်း အရ သိရှိရသည်။

၂၀၁၀ -၂၀၁၁ ခုနှစ် ပညာသင်နှစ် အတွက် မြန်မာ ကျောင်းသား ၁၀ ဦးအား ရွေးချယ် မည် ဖြစ်ပြီး၊ ထို့အပြင် ဩစတြေးလျ အစိုးရမှ အမေရိကန်၊ ဂရိတ်ဗြိတိန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ စင်္ကာပူ၊ ဂျပန်၊ ဂျာမဏီ နှင့် အခြားသော ဥရောပနိုင်ငံများမှ ကျောင်းသူ/သား များလည်း ပညာသင် ခွင့် ထောက်ပံ့မှု အစီစဉ်တွင် ပါဝင်ကြသည်ဟု သိရှိရသည်။

ထို ပညာသင်ခွင့် ထောက်ပံ့မည့် ဘာသာရပ်များမှာ ဂျာနယ်လစ်ဇင်၊ ပြည်သူ့ ဆက်သွယ်ရေး နှင့် ပြည်သူ့ ဆက်ဆံ ရေး ဘာသာရပ်၊ စီးပွားရေးနှင့် စာရင်းအင်း ဘာသာရပ်၊ နိုင်ငံတကာ စီးပွားရေး စီမံအုပ်ချုပ်မှု၊ ဈေးကွက် စီပွား ရေး နှင့် စီမံအုပ်ချုပ်မှု ၊ အဆောက်အအုံ ပိုင်ဆိုင်မှု ဆိုင်ရာ စီမံခန့်ခွဲမှု နှင့် ကမ္ဘာလှည့် ခရီးသွား ဘာသာရပ်များ ပါဝင်သည်ဟု သိရှိရသည်။ ယခင်နှစ် နိုဝင်ဘာလ ကတည်းက ကြေညာထားသော ဩစတြေးလျ ဒေါ်လာ ၁သောင်း ထောက်ပံ့မည့် ပညာသင် ဆုကြေးငွေသည် ဆစ်ဒနီရှိ ရာဖယ်ကောလိပ်မှ Design and Commerce ဘာသာရပ် သင်ကြားခွင့်လည်း ပါဝင်သည်ဟု ဆိုသည်။

ယခု လတွင် ဖွင့်လှစ်မည် ဖြစ်သော ၂၀၁၀ ပညာသင်နှစ် ကျောင်းသူ ကျောင်းသားများသည် သချင်္ာ ဘာသာရပ်တွင် GCE ‘O’ level နှင့် IELTS စာမေးပွဲ၏ ဖြေဆိုအမှတ် 6. 0, ရှိရမည်ဟု ဆိုသည်။ လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ တွင် ရှမ်းပြည်နယ် လာရှိုး၌ ပြုလုပ်ခဲ့သော ပညာရေးဆိုင်ရာ ဈေးအရောင်း ပွဲတော်တွင် နိုင်ငံတကာ ကျောင်း ပေါင်း ၂၀ နှင့်အတူ ဩစတြေလျ တက္ကသိုလ်ကြီး ၂ခု ဖြစ်သော ဗဟို ကွင်းစလန်းင် တက္ကသိုလ် နှင့် ဂျိမ်းကု့ခ် တက္ကသိုလ် တို့လည်း ပါဝင် နွှဲခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here