Mission Impossible ဇာတ်ကားသစ်တွင် တွမ်ခရုစ် ဆက်လက် သရုပ်ဆောင်မည်

alt

Mission Impossible 4 ဇာတ်ကား တွင် တွမ်ခရုစ် ဆက်လက် သရုပ်ဆောင်မည်ဟု သိရှိရ သည်။ ပါရာမောင့် ရုပ်ရှင် ကုမ္ပဏီက နာမည်ကျော် ဟောလီးဝုဒ် မင်းသား

သည်ပြီးခဲ့သည့် Mission Impossible ဇာတ်ကား (၃) ခုတွင် အောင်မြင်ခဲ့သည့် လျှို့ ဝှက် ထောက်လှမ်းရေးသမား အီသန်ဟန့် အ ဖြစ် ဆက်လက်ပါဝင်ရန် သဘောတူညီ ခဲ့ပြီဟု ကြေညာ သွားခဲ့သည်။

(၁၉၆၆) မှ (၁၉၇၃)ခုနှစ် အထိ နှစ်များ အား အခြေခံထားသည့် အမေရိကန်တွင် ပြသခဲ့သည့် Mission Impossible ဇာတ်လမ်းတွဲကို ဇာတ်ကား၏ စတုတ္ထပိုင်းတွင် ခရုစ် အနေနှင့် မပါတော့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ သေးသည့်တိုင် ယခု အခါ ဆက်လက် ပါဝင်ရန် လက်ခံခဲ့ပြီး ဖြစ်သည်။

ရိုက်ကူးမည့် ရက်ကို အတိအကျ မသတ်မှတ်ရ သေးသော်လည်း (၂၀၁၁) ခုနှစ်တွင် ရုံတင် နိုင်ရန် ပါရာ မောင့် ရုပ်ရှင် က မျှော်လင့်လျက် ရှိသည်။ Mission Impossible 3 တွင် ခရုစ်မှာ ဒါရိုက်တာ အဖြစ်ပါ တာဝန် ယူခဲ့သော်လည်း ယခု ဇာတ်ကားတွင် သရုပ်ဆောင် အဖြစ်သာ ပါဝင်မည်ဟု သိရှိရသည်။

ပါရာမောင့် ရုပ်ရှင် က လောလောဆယ်တွင် ဇာတ်ကားအတွက် ဒါရိုက်တာကို ရှာဖွေနေဆဲ ဖြစ်ကြောင်း ကြေညာ ထားသည်။ Mission Impossible ဇာတ်လမ်းတွဲ များသည် ဟောလီးဝုဒ်တွင် သာမက ကမ္ဘာ အနှံ့တွင်ပါ လူ အများ လက်ခံအားပေးမှုကို ရရှိခဲ့သော်လည်း တတိယ ဇာတ်ကား ရုံတင်ပြသပြီး (၄)နှစ် ကြာမှ ဇာတ်ကားသစ် အတွက် စတင် စီစဉ်လာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here