ခန္ဓာကိုယ်မှ အဆီများကို လှီးဖြတ်ကာ ကိုယ်အလေးချိန် လျော့ချခဲ့သည့် ရုရှားအမျိုးသား

alt

ရုရှား အမျိုးသား တဦးသည် ခန္ဓာကိုယ်မှ အဆီ (၂၆၇) ပေါင်ကို လှီးဖြတ် ဖယ်ရှားလိုက်ပြီး နောက် ကိုယ် အလေးချိန်ကို ထက်ဝက် ကျော်မျှ လျှော့ချ လိုက်နိုင်ကြောင်း သိရှိရသည်။

ယခုအခါ ၎င်း၏ အလေးချိန်သည် (၂၄၄) ပေါင်သာ ရှိတော့ကြောင်း ဆရာဝန်များက ဆိုသည်။ ပီတာ ဖယ်ရီဗော့ဒ် သည် အလေးချိန် (၅၁၁)ပေါင် အထိ ရောက်ရှိခဲ့ပြီး ကျောခင်း အိပ်စက်၍ မရတော့သလို လမ်းပင် ကောင်း ကောင်း မလျှောက်နိုင်တော့ပေ။

ထို့အပြင် လိင် ဆက်ဆံနိုင်သည့် အခြေအနေ မှပါ ဝေးကွာ လာခဲ့ကြောင်း Austrian Times သတင်းစာက ဖော်ပြခဲ့သည်။ အသက် (၄၅)နှစ်ရှိ လူတောင်ကုန်းကြီးဟု တင်စား ခံရ သူ ပီတာသည် (၄) နာရီကြာ ခွဲစိတ်မှု အောင် မြင် သွားပြီးနောက် အသက် (၁၇)နှစ် အရွယ် လူငယ်လေး ဘဝ ပြန်ရောက် သွားသလို ခံစား နေရကြောင်း ဝမ်းသာအားရ ပြောကြားခဲ့သည်။

ပီတာသည် အစားအသောက် ဆင်ခြင်မှုများ ပြုလုပ်ကာ ၎င်း၏ ခန္ဓာကိုယ် အလေးချိန်ကို (၁၈၂) ပေါင် အထိ လျှော့ ချ သွားရန်လည်း ပြင်ဆင်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here