ပါကစ္စတန် တာလီဘန် အကြီးအကဲ သေဆုံးသွားပြီဟု အတည်ပြု ပြောကြား

alt

ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး ရာမန် မာလစ် က ပါကစ္စတန်ရှိ တာလီဘန် အကြီးအကဲ ဟာကီ မူလာ မာဆက်မှာ သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ သည်။

ဖေဖော်ဝါရီလ (၁၀)ရက် နေ့က အာဖဂန် နစ္စတန် နှင့် နယ်စပ်ဒေသတွင် ခိုအောင်း နေ သည့် စစ်သွေးကြွ အဖွဲ့ခေါင်းဆောင်သည် သေဆုံးသွားပြီး ဖြစ်ကြောင်း မာလစ်က ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ယခု ကိစ္စမှာ မာဆက် သေဆုံးကြောင်း ကောလဟာလများ ပြန့်နှံ့နေပြီး အာဏာပိုင် အဖွဲ့အစည်း တာဝန်ရှိသူ တဦးက ပထမဆုံး အကြိမ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ မာလစ်က မိမိတို့သည် တာလီဘန် တို့ ခြွင်းချက်မရှိ လက်နက်မချ မချင်း မည်သည့် စေ့စပ်ညှိနှိုင်းမှုကိုမှ လက်ခံမည် မဟုတ်ကြောင်းလည်း ပက်ရှာဝါမြို့သို့ ရောက်ရှိနေ စဉ် ကြေညာခဲ့သည်။

မာဆက်သည် ဇန်နဝါရီ လက ပါကစ္စတန် အစိုးရအား အကြမ်းဖက်မှု နှိမ်နင်းရေးတွင် ပါဝင် ကူညီနေသည့် အမေရိ ကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ပျံမှ ပစ်ခတ်သော ဒုံးကျည်ကြောင့် သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ် နေခဲ့သည်။ မာဆက်သည် ၎င်း မတိုင်မီက ပါကစ္စတန် တာလီဘန် တပ်ဖွဲ့ ခေါင်းဆောင် ရာထူးကို ရယူ ထားသူ ဘေတူလာ မာဆက် ပြီးခဲ့သည့်နှစ် ဩဂုတ်လက အမေရိကန် ဒုံးကျည်တလုံး ထိမှန် သေဆုံးပြီးနောက် စစ် သွေးကြွ အကြမ်းဖက် အဖွဲ့အား ဆက်လက် ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here