အိမ်ချုပ်မှ ဦးတင်ဦး ယနေ့ လွတ်မည်ဟုဆို

alt

စနေနေ့ နံနက် အစောပိုင်း မှာပင် နေအိမ် အချုပ် သက်တမ်း ကုန်ဆုံး မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး (အသက် ၈၃နှစ်) အား နေအိမ်ချုပ်မှ

ပြန်လွှတ် ပေးမည်ဟု အေအက်ဖ်ပီ သတင်း ဋ္ဌာန သို့ တရားဝင် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးမှာ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ မြန်မာစစ် အစိုးရ၏ စံနစ်တကျ စီရင် သတ်ဖြတ်သည်ဟု စွတ်စွဲထားသော ဒီပဲယင်း လုပ်ကြံမှုကြီး နောက် ပိုင်း အမှုစီရင်ချက် မရှိပဲ နေအိမ် အချုပ်ဖြင့် ဖမ်းဆီးခံထားရသူ ဖြစ်သည်။

အမည် မဖေါ်လိုသော မြန်မာ စစ်အစိုးရ၏ အဆင့်မြင့် အရာရှိကြီး တဦးမှ သောကြာနေ့က အေအက်ဖ်ပီ သတင်း ဋ္ဌာန သို့ “အိမ်ချုပ် သက်တမ်းကုန်တဲ့ မနက်ဖန်မှာ ဦးတင်ဦး ကို ပြန်လွှတ်မယ်” ဟု ပြောဆို သွားခဲ့ခြင်း ဖြစ်သည်။

NLD ပြောရေးဆိုခွင့် ရှိသူများက ယခင် အပါတ်ကပင် ဦးတင်ဦး ပြန်လွှတ်လာနိုင်ရန် မျှော်လင့် ထားကြောင်း ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ NLD ပါတီ ဒု-ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးမှာ ဒီပဲယင်း လုပ်ကြံမှု ခံရပြီး နောက်ပိုင်း အကျဉ်းထောင်မှ ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် အိမ်ချုပ်သို့ ပြောင်းလည်း ချမှတ်ခြင်း ခံရသူ ဖြစ် သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here