Buzz က Facebook နှင့် Twitter ကို ကျော်ဖြတ်နိုင်ရန် Google မျှော်လင့်နေ

alt

Buzz ကို စတင် လည်ပတ်ပြီးနောက် Google သည် Facebook နှင့် Twitter တို့ကို ကျော် ဖြတ်နိုင်ရန် မျှော်လင့် နေပြီ ဖြစ်သည်။ ကမ္ဘာ့ အကြီးဆုံး အင်တာနက် ရှာဖွေရေး ဝန်ဆောင်

မှု လုပ်ငန်းကြီးသည် ၎င်းတို့၏ နာမည်ကျော် Email စံနစ်ဖြစ်သည့် Gmail တွင် Buzz အမည်ရှိ Social Networking စံနစ်ကို ထည့်သွင်း ပေးလိုက်ခြင်းဖြင့် ကမ္ဘာကျော် Social Networking ဝဘ်ဆိုဒ်ကြီးများ ဖြစ်သည့် Twitter နှင့် Facebook တို့အား ခြိမ်းခြောက် လာခဲ့သည်။

www.google.com/buzz မှတဆင့် ဝင်ရောက် နိုင်သည့် Feature အသစ်အရ Status Message Update များ လွှင့်တင်နိုင်မည် ဖြစ်သလို YouTube ကဲ့သို့ Google ပိုင် လုပ်ငန်းများ နှင့်လည်း အလွယ်တကူ ချိတ်ဆက်နိုင်ရန် စီစဉ် ပေးထားသည်။ Gmail တွင် Buzz ကို ဖြည့်တင်း ပေးလိုက်ခြင်းဖြင့် အခြား Social Networking ဝဘ်ဆိုဒ်များ အပေါ် အားကိုး နေရသည့် Gmail User များအတွက် အဆင်ပြေစေမည်ဟု မျှော်လင့်ကြောင်း Gmail စံနစ် အင်ဂျင်နီယာ အက်ဒွပ်ဟိုး ကဆိုသည်။

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Email စံနစ်တခုအဖြစ် ရပ်တည်နေသော Gmail ကြောင့် မကြာမီ အချိန် အတွင်း Buzz ကို ပုံမှန်သုံးစွဲသူ (၁၇၆)သန်း အထိ မြင့်တက်လာရန် Google က မျှော်လင့်ထားသည်။ Google က Buzz အား ၎င်း၏ Android OS သုံး ဖုန်းများအပြင် Apple ၏ iPhone ဖုန်းအပါအဝင် စမတ်ဖုန်း အတော် များများ၌ အသုံးပြုနိုင်ရန်ပါ စီစဉ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here