ဟီလာရီ ကလင်တန် အရှေ့အလယ်ပိုင်း ဒေသသို့ သွားရောက်မည်

alt

ဟီလာရီ ကလင်တန် အနေနှင့် လာမည့် သီတင်းပါတ်အတွင်း အရှေ့အလယ်ပိုင်း ဒေသသို့ သွားရောက် ရန် စီစဉ်ထားကြောင်း အမေရိကန် အစိုးရအဖွဲ့က ကြေညာခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ

ဟီလာရီသည် ဆော်ဒီ အာရေဗျ နှင့် ကာတာနိုင်ငံ များသို့ သွားရောက်ကာ အီရန် နှင့် အီရတ်ပြဿနာ၊ အစ္စရေး နှင့် အာရပ်နိုင်ငံ များကြား ဆက်ဆံရေး အခြေအနေ စသည်တို့ကို ဆွေးနွေးသွားမည် ဖြစ်သည်။

သူမသည် ကာတာဘုရင် အီမာရှိတ် ဟာမက် ဘင်ကာလီဖာ အယ်သာနီ နှင့်လည်း တွေ့ဆုံရန် စီစဉ်ထား ပြီး အမေရိကန် – မွတ်ဆလင် ကမ္ဘာ ဖိုရမ်သို့လည်း တက်ရောက်မည် ဖြစ်သည်။ ယင်း ဖိုရမ်ကို ကာတာ အစိုးရနှင့် အရှေ့အလယ်ပိုင်း မူဝါဒဆိုင်ရာ ဘရွတ်ကင်း ပညာရေးဌာန ဆာဘန်စင်တာ တို့က ပူး ပေါင်း ကျင်းပခြင်း ဖြစ်သည်။

အမေရိကန်တွင် သမ္မတ ဘာရက် အိုဘားမား အာဏာရလာပြီး နောက်ပိုင်း မွတ်ဆလင် နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် ကြိုးစားလာခဲ့ရာ ဟီလာရီ ၏ ခရီးစဉ်သည် အရှေ့ အလယ်ပိုင်းတွင် အမေရိကန်၏ ရပ်တည်မှုကို ထင်ဟပ်စေဖွယ် ရှိကြောင်း လေ့လာသူများက သုံးသပ် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here