အလက်ဇန်းဒါး ပါတို အား ချဲလ်ဆီးအသင်းမှ ခေါ်ယူလို

alt

ချဲလ်ဆီးသည် အေစီမီလန် တိုက် စစ်မှူး အလက် ဇန်းဒါး ပါတိုကို ခေါ်ယူရန် စိတ်ဝင်စား နေ ကြောင်း သိရှိရသည်။ သတင်းများက လန်ဒန် အခြေစိုက် ကလပ် အသင်းကြီးသည်

အသက်အရွယ် ကြီးရင့်လာသည့် ဒီဒီယာ ဒရော့ ဘာနှင့် နီကိုလတ်စ် အဲနယ်ကာ တို့ကဲ့သို့ တိုက် စစ်မှူးများ နေရာတွင် အသက် (၂၁)နှစ် သာ ရှိသေးသည့် ဘရာဇီး လက်ရွေးစင်နှင့် ရေ ရှည် အစားထိုး သွားဖွယ်ရှိကြောင်း ဖော်ပြနေကြ သည်။

ချဲလ်ဆီးနည်းပြ ကာလို့စ် အန်ဆလော့တီသည် မီလန်ကို ကိုင်တွယ်စဉ်က ပါတိုကို ခေါ်ယူခဲ့သူ ဖြစ်ပြီး ယခုတဖန် တပည့်ဟောင်းအား ချဲလ်ဆီး သို့ ခေါ်ယူရန် စိုင်းပြင်းလာခြင်း ဖြစ် သည်။ မီလန်၏ ရတနာ တပါးဟု တင်စားခံရသူ ပါတိုသည် ယမန်နှစ် ကတည်းက ချဲလ်ဆီး၏ ပစ်မှတ် ဖြစ်ခဲ့သူဟု သတင်းများက ဆိုသည်။

မီလန်သည် ယခုအချိန်တွင် ဂျာမနီ ကလပ်အသင်း ဝုဖ်ဘတ်မှ ဘော့စနီးယား တိုက်စစ်မှူး အီဒင်ဒက်စ်ကို အား ချိတ် ဆက်နေရာ ဈေးကောင်းရပါက ပါတိုအား ရောင်းထုတ်ဖွယ် ရှိသည်။

သို့သော်လည်း ယမန်နှစ်က ဘရာဇီး လက်ရွေးစင် ရီကာဒိုကာကာ အား ရီးရဲလ် မက်ဒရစ်သို့ ရောင်းထုတ်စဉ်က ပရိသတ် များ၏ အင်နှင့်အားနှင့် ကန့်ကွက်မှုမျိုး ကိုလည်း မီလန် အနေနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း သတင်း များက ဖော်ပြခဲ့သည်။ ပါတိုအား ရီးရဲလ်နှင့် ဘာစီလိုနာ တို့ကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here