ပြည်ထောင်စုနေ့ ကိုယ်စားလှယ် အတော်များများ နေပြည်တော် ဆေးရုံရောက်

alt

နေပြည်တော်တွင် ကျင်းပပြုလုပ် မည့် ၆၃နှစ် မြောက် ပြည်ထောင်စု နေ့ အခမ်းအနားသို့ တက်ရောက် လာသော ပြည်နယ်နှင့် တိုင်းများ မှ ကိုယ်စားလှယ် အယောက်-၂၀

သည် အမည် မသိရသေးသော ဝေဒနာ ခံစား ရ၍ နေပြည်တော် ဆေးရုံသို့ ရောက်ရှိနေ ကြောင်း သိရှိရသည်။

ယနေ့ ကျင်းပမည် ဖြစ်သော ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက် လာသည့် မြန်မာ စစ်အစိုးရ ရွေးချယ်ထား သော ပြည်နယ်နှင့်တိုင်း ကိုယ်စားလှယ် အကြီး အကဲ အယောက်(၂၀) ကျော် ရုတ်တရက် ဖျား နာ လာပြီး၊ မူးမေ့ လဲကျသောကြောင့် နေပြည် တော်ရှိ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသ နေရကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ဌာနပေါင်းစုံမှ အောက်ခြေ ဝန်ထမ်း အယောက် ၃၀ စီ မတက် မနေရ တက်ရောက်ကြ ရန် ဝန်းကြီး ဌာနအလိုက် အမိန့်ထုတ် စေခိုင်းခဲ့ပြီး၊ ယခုကဲ့သို့ ကူးစက်ခံရမှုကို ရန်ကုန်မြို့မှ တက်ရောက်လာသည့် ဗိုလ်မှူးကြီး တဦးထံမှ ကူးစက်သည်ဟု ယူနေကြပြီး၊ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အစိုးရ အရာရှိ ကြီးများ အားလုံး ကျန်းမာရေး စစ်ဆေးခံရန် ညွန်ကြားထားကြောင်း နေပြည်တော် ဝန်ထမ်း အသိုင်းအဝိုင်းမှ သတင်းများ ယနေ့ ထွက်ပေါ်လာခဲ့သည်။ ကူးစက်ခံရသူများ၏ အမည်စာရင်း အတိအကျ နှင့် ကူးစက် ခံရသည့် ရောဂါ အမျိုးအစားများအား ပြင်ပသို့ မပေါက်ကြားစေရန် သေခြာ စီစစ်နေကြောင်းလည်း ထပ်မံ သိရှိရသည်။

နေပြည်တော်မှ အမည်မဖေါ်လိုသူ ဝန်ထမ်းတဦးမှ လူထုအသံသို့ ပြောကြားရာတွင် ယခင် အပါတ်က ချင်းပြည်နယ် ဖလမ်းမြို့ အနီးမှ ယခုအပါတ် ရန်ကုန်မြို့ တိုင်အောင် ခေါင်းထောင်လာသော လူတုပ်ကွေးခေါ် A-H1N1 တုပ်ကွေး ရောဂါဟု ထင်မြင်ကြောင်း သုံးသပ် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here