ဩစတြေးလျ အစိုးရနှင့် ဟက်ကာများ ထိပ်တိုက်တွေ့

alt

ညစ်ညမ်း ဝဘ်ဆိုဒ်များအား Filter လုပ် ပိတ်ပင်သွားရန် ဩစတြေးလျ အစိုးရက စီမံလာပြီးနောက် နိုင်ငံ အတွင်းရှိ Hacker များသည် အစိုးရ ဌာနများက တရားဝင် ဝဘ်ဆိုဒ်

အတော်များများကို ဦးတည်တိုက်ခိုက် လာ ကြောင်း သိရှိရသည်။

Anonymous ဟု ကြေညာထားသည့် အဆိုပါ Hacker အဖွဲ့သည် ပြည်သူများ၏ စိတ်ပိုင်း ဆိုင်ရာ အားသန်မှု အလိုက် အင်တာနက်တွင် ညစ်ညမ်း ဝဘ်ဆိုဒ်များ ဝင်ရောက် ကြည့်ရှုမှုကို မကန့်သတ် သင့် ကြောင်း ဆန္ဒပြနေကြသည်။

အစိုးရသည် အဆိုပါ ကိစ္စအား (၂၀၁၁) ခုနှစ်တွင် စတင်ရန် ပြင်ဆင်ထားသည်။ ထို့ကြောင့်လည်း Hacker များ က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တိုက်ခိုက်ခဲ့သည့် ပုံစံမျိုး ယခု သီတင်းပါတ်တွင် နောက် တကျော့ ပြုလုပ်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် ဝဘ်ဆိုဒ်မှ တဆင့် ခြေရာခံကာ အစိုးရ Server များ ကို ထိုးဖောက် တိုက်ခိုက်ခဲ့ခြင်းဟု တာဝန်ရှိသူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆင့်မြင့် နည်းပညာ ရာဇဝတ်မှု တားဆီးရေး စင်တာမှ ဒါရိုက်တာဟောင်း အော့စထရဲ မက်ဂစ်ဘွန်က Hacker များအား ခြေရာခံရန် ခက်ခဲနေကြောင်း ဝန်ခံလိုက်သည်။ သို့ သော်လည်း ဩစတြေးလျ အစိုးရက ယင်းကဲ့သို့သော တိုက်ခိုက်မှု များအား ကာကွယ်နိုင်ရန် ကြိုတင် စီမံထားပြီး ဖြစ်ကြောင်း ကြေညာထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here