နာဆာ၏ အန်ဒဲဗား လွန်းပျံယာဉ် ISS သို့ ရောက်ရှိ

alt

NASA က လွှတ်တင် လိုက်သည့် အန်ဒဲဗား လွန်းပျံယာဉ်သည် ဖေဖော်ဝါရီလ (၁၀) ရက် နေ့ နံနက်ပိုင်းက နိုင်ငံတကာ အာကာသ စခန်း (ISS) သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။

ယင်းသည် ISS တွင် တပ်ဆင်မည့် အခန်းပို တခုနှင့် အာကာသ လေ့လာရေး မျှော်စင်တခု အား တပ်ဆင်ရန် သယ်ဆောင် လာခြင်း ဖြစ် ပြီး ကမ္ဘာ့ မြေမျက်နှာပြင် အထက် မိုင်(၂၀၀) အမြင့်တွင် တပ်ဆင်ရေး လုပ်ငန်းကို ဆောင်ရွက် မည်ဖြစ်သည်။

အာကာသစခန်း အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်နေသော ဂျက်ဖရီဝီလျံက မိမိတို့သည် ISSသို့ ဆိုက်ကပ် လာသည့် အန်ဒဲဗား အား ကောင်းမွန်စွာ ကြိုဆို လက်ခံ နိုင်ခဲ့ပြီး ပစ္စည်းများကို တပ်ဆင်ရန် အသင့် ရှိနေကြောင်း NASA သို့ သတင်းပေးပို့ ခဲ့သည်။ ISS တွင် နက္ခတ်ဗေဒ  ပညာရှင် (၅) ဦး တာဝန်ထမ်း ဆောင်နေသဖြင့် အန်ဒဲဗား မှ ယာဉ်မှူးများနှင့် ပေါင်းလိုက်လျင် ယခုအခါ (၁၁) ဦး အထိ ရှိနေမည် ဖြစ်သည်။

အန်ဒဲဗားသည် မြေပြင်မှ ပျံသန်း ထွက်ခွာစဉ် ဆီတိုင်ကီငယ် အချို့ ပေါက်ကွဲ ခဲ့သော်လည်း လွန်းပျံယာဥ်အား ထိခိုက်မှု လုံးဝ မရှိခဲ့ဟု NASA က ကြေညာ ထားသည်။ ယာဉ်မှူးများသည် ISSနှင့် ချိတ်ဆက်ထားစဉ် အတွင်း အာကာသ ထဲ လမ်းထွက် လျှောက်ကာ လိုအပ်သော ကိရိယာများကို တပ်ဆင် သွားမည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here