မြန်မာသင်္ဘောသားနှစ်ဦးပါဝင်သည့် သင်္ဘောအား ဆိုမာလီယာပင်လယ်ဓားပြများ ပြန်ပေးဆွဲ

alt

မြန်မာနိုင်ငံသား သင်္ဘောသားနှစ်ဦး ပါ၀င်သည့် သင်္ဘောတစ်စင်းအား ဆိုမာလီယာ ပင်လယ်ဓားပြများက ပြန်လွှတ်လိုက်ပြီဖြစ်သည်။ ပနားမားအလံ လွှင့်ထူထားသည့် အဆိုပါကုန်တင်သင်္ဘောသည် ယခုအခါ ဓားပြများလက်မှ

လွတ်မြောက်လာပြီဖြစ်ကြောင်း ဥရောပယူနီယံ စုပေါင်းရေတပ်က ကြေညာသည်။ ဖေဖော်ဝါရီလ (၉)ရက်နေ့က သင်္ဘောသား (၂၆)ဦးပါ၀င်သည့် သင်္ဘောတစ်စင်း ဓားပြများလက်မှ ပြန်လွတ်လာပြီဟု စုပေါင်းရေတပ်က ကြေညာခဲ့ပြီး MV Al Khaliqသင်္ဘောပေါ်တွင် အိန္ဒိယလူမျိုး (၂)ဦးနှင့် မြန်မာ(၂)ဦး ပါရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း သင်္ဘောအား ပြန်လွှတ်ရန် ပြန်ပေးငွေ တိတိကျကျ မည်၍မည်မျှ ပေးချေခဲ့ရသည်ကို မသိရသေးချေ။ ယင်းသင်္ဘောသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဆိုမာလီ အနောက်ဖက်ကမ်းခြေမှ မိုင်(၁၈၀)အကွာတွင် ကြားဖြတ်ပြန်ပေးဆွဲ ခံလိုက်ရခြင်းဖြစ်သည်။

ဆိုမာလီယာ ပင်လယ်ဓားပြများသည် အနည်းဆုံး သင်္ဘောသား (၁၈၀)ကျော်မျှနှင့် သင်္ဘော(၈)စင်းကို ပြန်ပေးဆွဲထားဆဲဖြစ်သည်။ ဆိုမာလီယာတွင် အစိုးရ၏ အချုပ်အခြာအာဏာမှာ (၁၉၉၁)ခုနှစ်ကတည်းက ဆုံးရှုံးခဲ့ပြီးဖြစ်ရာ ပင်လယ်ဓားပြများကို ဖိဖိစီးစီး နှိမ်နင်းရန် ယခုအချိန်ထိ ခက်ခဲနေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here