နိုက်ဂျီးရီးယား ဒုတိယ သမ္မတအား ပါလီမန်က အာဏာလွှဲအပ်

alt

နိုက်ဂျီးရီးယား ပါလီမန်က ဒုတိယ သမ္မတ လက်သို့ အာဏာ အပြည့် အဝ လွှဲအပ် လိုက်ပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီလ (၉) ရက်နေ့ ညနေပိုင်း က တရားဝင် ကြေညာခဲ့ သည်။

သမ္မတ အူမာရူယာ အဒူယာ နာမကျန်း ဖြစ်နေသောကြောင့် ဆော်ဒီအာရေဗျ တွင် သွားရောက် ဆေးရုံတက် နေစဉ် ယာယီ သမ္မတ အဖြစ် (၇၈)ရက် တိုင်တိုင် တာဝန်ယူခဲ့သော ဂွတ်လပ် ဂျိုနသန်အား သမ္မတအဖြစ် ခန့်အပ်ရန် သင့်မသင့် မဲခွဲ ဆုံးဖြတ် ပြီးနောက် ယခုလို ပါလီမန်က ကြေညာ ခဲ့ခြင်း ဖြစ်သည်။

ဂျိုနသန်သည် သမ္မတ အဖြစ် တာဝန်ယူနေစဉ် နိုင်ငံ အတွင်းရှိ မွတ်ဆလင်နှင့် ခရစ်ယာန် ဘာသာဝင်များ အချင်းချင်း သတ်ဖြတ်မှု အရေးအခင်း များကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဂျိုနသန် အပေါ် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက မဲပေးခဲ့ကြ ပြီးနောက် နိုက်ဂျီးရီးယား၏ တရားဝင် သမ္မတ ရာထူးကို လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။

သမ္မတဟောင်း အဒူယာသည် နှလုံး ဖောက်ပြန်မှုကြောင့် နိုက်ဂျီးရီးယားမြို့တော် ရီယက်တွင် နှစ်လကျော် ဆေးဝါး ကုသမှု ခံယူနေသည့်တိုင် အခြေအနေမှာ တိုးတက် ကောင်းမွန်လာခြင်း မရှိသေးပေ။ အာဖရိကတိုက်၏ လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည့် နိုက်ဂျီးရီးယားမှာ တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် ခရစ်ယာန်နှင့် မွတ်ဆလင်များ နှစ်စုကွဲ နေထိုင်နေသဖြင့် လူမျိုးရေး ပြဿနာများ မကြာခဏ ပေါ်ပေါက်လေ့ ရှိသည်။

လွှတ်တော်ရှိ တာဝန်ရှိ သူများက ယခု ဆုံးဖြတ်ချက် အတွက် သမ္မတဟောင်း ယာအဒူယာထံမှ တစုံတရာ ဆုံးဖြတ် ချက် မတောင်းခံ ခဲ့ကြောင်း၊ မိမိတို့သည် ခေါင်းဆောင်မရှိဘဲ နိုင်ငံအား ထိန်းသိမ်းနိုင်ရေးမှာ အလွန် ကြီးမား သော အခက်အခဲ အဖြစ် တွေ့ကြံု ဖြတ်ကျော် ခဲ့ရပြီး ဖြစ်ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here