ဗြိတိန် အမျိုးသားများ အလှပြင်ရန် အမျိုးသမီး များထက် အချိန် ပိုယူတတ်ကြ

alt

သမားရိုးကျ အားဖြင့် အမျိုးသမီး  များသည် အလှပို ကြိုက်တတ်သလို မိမိကိုယ်ကိုယ် ခြယ်သ ပြင်ဆင်ရန် ပိုမို အချိန်ယူ တတ်သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

သို့သော်လည်း ဗြိတိန် အမျိုးသား အများစု ကမူ မိမိကိုယ်ကိုယ် အလှအပ ဆင်မြန်းရန် အမျိုးသမီး များထက် အချိန်ပိုယူ တတ်ကြောင်း လေ့လာမှု တခုက ဖော်ပြခဲ့ သည်။ လူပေါင်း (၃၀၀၀)ကို လေ့လာ ကောက်ခံ ခဲ့သော စစ်တမ်းအရ အမျိုးသား အများစု သည် အပြင်သွားရန် အချိန်ယူ ပြင်ဆင်မှု အတွက် ပျမ်းမျှ အချိန် (၈၃)မိနစ်ထိ ယူတတ် ကြပြီး အမျိုးသမီး များကမူ ပျမ်းမျှ အားဖြင့် (၇၉) မိနစ်သာ အချိန်ယူလေ့ ရှိကြောင်း သိရသည်။

ဗြိတိန် အမျိုးသားများသည် အိမ်အပြင် မထွက်မီ အဝတ်အစား ရွေးချယ်ခြင်း၊ ခေါင်းဖြီးခြင်း၊ ရေချိုးခြင်း၊ မုတ်ဆိတ် ရိတ်ခြင်း စသည်တို့ကို အမျိုးသမီးများ ထက်ကြာအောင် ဆောင်ရွက် လေ့ရှိကြောင်း သုတေသီ များက ဆိုသည်။ Superdrug မှ ကောက်ခံသော စစ်တမ်းအရ အမျိုးသားများသည် ရေချိုးသည့် အချိန်ကို (၂၃)မိနစ် အထိ ယူတတ်ပြီး ယင်းမှာ အမျိုးသမီး များထက် (၁)မိနစ် ပိုကြာခြင်းဖြစ်သည်။ ထို့အပြင် ကိုယ်လက် သန့်စင် တိုက်ချွတ်ခြင်း၊ အမွှေး နံ့သာများ လိမ်းကြံခြင်း တို့တွင်လည်း အမျိုးသမီး များထက် (၁)မိနစ် ဝန်းကျင် ပိုကြာကြောင်း သိရသည်။

သို့သော်လည်း အမျိုးသား(၃)ဦးတွင် (၁) ဦးက မိမိတို့သည် အလှအပ အတွက် အမျိုးသမီး များထက် အချိန်ပို ယူနေကြသည် ဆိုသော အဆိုကို လက်မခံ ကြကြောင်းလည်း Superdrug က ဖော်ပြသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here