ဘောလီးဝုဒ် မှာလည်း အောင်မြင်ချင်တဲ့ ဂျက်ဆီကာ အယ်လ်ဘာ

alt

ဟောလီးဝုဒ် မင်းသမီး ဂျက်ဆီကာ အယ်လ်ဘာ က သူမ၏ အောင်မြင်မှု နယ်ပယ်ကို ဘောလီး ဝုဒ် အထိ ဖြန့်ကျက်ရန် ဆန္ဒရှိ နေကြောင်း ပြောကြားခဲ့သည်။ Fantastic 4 ဇာတ်ကား မင်းသမီးက သူမသည် အိန္ဒိယ ရုပ်ရှင်

ဇာတ်ကား တခုခုတွင် ပါဝင် သရုပ်ဆောင် လိုသည့် ဆန္ဒရှိ နေကြောင်း ဝန်ခံ ပြောဆိုခဲ့ သည်။

အယ်ဘာက သူမသည် ဘောလီးဝုဒ် ရုပ်ရှင် များကို အမြဲအားပေး ကြည့်ရှုလေ့ ရှိသည့် အမာခံ ပရိသတ်တဦး ဖြစ်ကြောင်း ပြောကြား သွားသည်။

အသက် (၁၉) လ အရွယ် သမီးလေး ဟောနာ မာရီ ၏ မိခင်ဖြစ်သူ အသက် (၂၈)နှစ် ရှိ မင်းသမီးက သူမသည် အိန္ဒိယသို့ တခါမျှ မရောက်ဖူး သော်လည်း အလည်သွားရန် အစီ အစဉ် ရှိကြောင်းနှင့် ဟိန္ဒူ ဘာသာဝင် တို့၏ ဓလေ့ထုံးစံ များကို တတ်နိုင်သမျှ လေ့လာထားရန် စဉ်းစားနေကြောင်း DNA India နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

သူမက အကယ်၍ အိန္ဒိယသို့ သွားဖြစ်ခဲ့ပါက ဘောလီးဝုဒ် အကျော်အမော် များနှင့် မိတ်ဆွေ ဖြစ်ခွင့်ရရန်လည်း စိတ်ကူးယဉ် နေမိကြောင်း ပြောဆိုသွားသည်။ အယ်လ်ဘာသည် မဂ္ဂဇင်းဂျာနယ် အမျိုးမျိုးက ကောက်ခံသည့် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးများ စာရင်းတွင် အမြဲလိုလို ထိပ်ဆုံး(၅) နေရာအတွင်း ပါဝင်လေ့ရှိသူ တဦး ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here