ကမ္ဘာ့ ပို့ကုန်တန်ဖိုး အမြင့်ဆုံး ဖြစ်လာသည့် တရုတ်နိုင်ငံ

alt

ကမ္ဘာပေါ်တွင် ပို့ကုန်တန်ဖိုး အမြင့်မားဆုံး နိုင်ငံအဖြစ် ဦးဆောင် နေသော ဂုဏ်ပုဒ်ကို ဂျာမနီက တရုတ်ကို လွှဲပေး လိုက်ရပြီ ဖြစ်သည်။ (၂၀၀၉) ခုနှစ်အတွင်း

ဂျာမနီ၏ ပို့ကုန် တန်ဖိုးသည် (၂၀) ရာခိုင်နှုန်းမျှ အထိ စံချိန်တင် ကျဆင်းခဲ့ရာ နှစ်ပေါင်း (၆၀) အတွင်း အဆိုးရွားဆုံး အဖြစ် မှတ်တမ်း ဝင်သွားသလို ၎င်း၏ ပို့ကုန်တန်ဖိုး အမြင့်ဆုံးဆိုသည့် သရဖူကို အာရှ အင်အားကြီး တရုတ်လက်သို့ ဝကွက် အပ်လိုက် ရသည်။

(၂၀၀၉) ခုနှစ် အတွင်း တရုတ်၏ ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၁.၂)ထရီလီယံ အထိ ရှိခဲ့ကြောင်း တရုတ်နိုင်ငံက အတည်ပြု လိုက်ပြီးနောက် ဂျာမနီ၏ (၂၀၀၉) ခုနှစ် ပို့ကုန် တန်ဖိုး ဒေါ်လာ(၁.၁) ထရီလီယံကို ကျော်ဖြတ် သွားခဲ့သည်။ ဂျာမနီသည် ယခင်က နှစ်ပေါင်း အတော်ကြာ ပို့ကုန်တန်ဖိုး အမြင့်ဆုံး နိုင်ငံအဖြစ် တည်တည် ငြိမ်ငြိမ် ရပ်တည် နိုင်ခဲ့သည်။ ဂျာမနီ ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ အကြီးအကဲ အန်တွန်ဘော်နာ က ငွေကြေး အကြပ်အတည်း ပြဿနာများ ပေါ်ပေါက် လာမှုသည် အပြောင်းအလဲများကို အဓိက ပေါ်ပေါက် စေခဲ့ကြောင်း ဝန်ခံ ခဲ့သည်။

သို့သော်လည်း တရုတ် ၏ စီးပွားရေး ကဏ္ဍတွင် အင်အား ကြီးထွားလာမှုသည် ဂျာမနီ ၏ အလုပ်အကိုင် ကဏ္ဍနှင့် ပြည်တွင်း စီးပွားရေးကို ထိခိုက်မှု မရှိနိုင်ကြောင်း လည်း အန်တွန်က ဆိုသည်။ ထို့အပြင် အန်တွန်က ယခုနှစ် အတွင်း ဂျာမနီ၏ ပြည်ပတင်ပို့မှု စုစုပေါင်း ဝင်ငွေသည် ပြန်လည် မြင့်တက်လာရန် အလားအလာ များစွာ ရှိနေကြောင်းလည်း မှတ်ချက်ပြု ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here