မော်ရိုချာမက်အား ခေါ်ယူနိုင်ရေး အာဆင်နယ်နှင့် လီဗာပူး အပြိုင်အဆိုင်ဖြစ်လာ

alt

အာဆင်နယ် အသင်းသည် မော်ရို ချာမက်အား ရရှိရေးတွင် လီဗာပူး နှင့် အပြိုင်ဖြစ်လာ ခဲ့ သည်။ လီဗာပူး နည်းပြ ရာဖေး ဘင်နီတက် သည် ပြင်သစ်ကလပ် ဘောဒိုးမှ တိုက်စစ်

မှူးအား ရရှိရန် ကြိုးပမ်း လာပြီးနောက် ယခု အခါ မော်ရိုကို လက်ရွေးစင်မှာ အင်္ဂလန် ထိပ်သီး (၂) သင်းလုံး ၏ အဓိကပစ်မှတ် အဖြစ် သို့ ရောက်ရှိ လာခဲ့သည်။

အသက် (၂၆)နှစ်ရှိ ချာမက်အား အာဆင်နယ် က အသင်းမှ ထွက်ခွာသွားသည့် အီမန်နျူရယ် အဒီဘာယော နေရာတွင် အစားထိုးရန် ကမ်းလှမ်း ခဲ့သော်လည်း ဈေးဆစ် နေမှုကြောင့် သဘောတူညီမှု မရခဲ့ချေ။ ထိုအချိန်တွင် ဘင်နီတက်စ်က တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်နှင့် တွဲပေးရန် အတွက် ချာမက်အား စိတ်ဝင်စား လာခြင်း ဖြစ်သည်။ အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါ ကမူ ထိုကိစ္စအား တစုံတရာ မှတ်ချက် မပေးသေးဘဲ လီဗာပူးအား ပရီးမီးယား လိဂ်တွင် အနိုင်ရရန်သာ အာရုံ စိုက်ထားကြောင်း ပြောဆို သွားသည်။ လီဗာပူးရော၊ အာဆင်နယ်ပါ တိုက်စစ်ပိုင်း ပြဿနာများ ကြံုနေရသော်လည်း ယခု နောက်ပိုင်းတွင် လီဗာပူးမှာ နိုင်ပွဲများ ပြန်လည် ရရှိလာခဲ့သည်။

အာဆင်နယ်မှာမူ မဟာ ပြိုင်ဖက်များ ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်နှင့် ချဲလ်ဆီး တို့ကို ဆက်တိုက် အရေးနိမ့် ထားသည်။ အာဆင်နယ်တွင် ရော်ဘင်ဗန်ပါစီ၊ နစ်ကလက် ဘန်တနာ၊ သီအိုဝဲကော့၊ အီဒွာဒို ဒါဆေးဗား၊ ကားလို့ဗီလာနှင့် အင်ဒရီ အက်ရှဗင် တို့ကဲ့သို့ တိုက်စစ်မှူး (၆) ဦး ထိ ရှိနေသည့်တိုင် ဗဟို တိုက်စစ်မှူး စစ်စစ် နေရာ တွင် အံဝင်အောင် ခြေစွမ်း ပြနိုင်သည့် ကစားသမားမျိုး မရှိခြင်းကြောင့် ၀င်ဂါက ချာမက်အား စိတ်ဝင်စား နေခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here