ထူးထူးခြားခြား ကြုံခဲ့ရသည့် ယူကရိန်း ရွေးကောက်ပွဲ

alt

ယူကရိန်း နိုင်ငံတွင် ဖေဖော်ဝါရီလ (၇)ရက် နေ့က ရွေးကောက်ပွဲ အတွက် ကျင်းပရာ ထူးထူးခြားခြား များ ကြံုခဲ့ရကြောင်း သိရှိရသည်။ ယင်းတို့အနက် အပေါ်ပိုင်း အဝတ်အစား မပါသော အမျိုးသမီး များနှင့်

မဲစာရွက်ကို ဝါးစားလိုက်သူ တဦးတို့မှာလည်း လူပြောများသည့် အကြောင်းအရာများ ဖြစ်လာခဲ့ရ သည်။

ကိဗ်ယက် မြို့တော်တွင် အပေါ်ပိုင်း ဗလာကျင်းထားသည့် အမျိုးသမီး (၅)ဦးသည် ရွေးကောက်ပွဲ ကျင်းပ သည့် စည်းမျဉ်းများကို မကျေနပ်ကြောင်း ဆန္ဒပြခဲ့ကြသည်။ သူမတို့က လူအာရုံစိုက်အောင် ယခုနည်း ကို သုံးခဲ့ခြင်းဖြစ်ပြီး “နိုင်ငံရေးသမား ဆိုတာ တိုင်းပြည်ကို မုဒိမ်း မကျင့်ရဘူး”၊ “မဲပေးခွင့်ကို မ ရောင်းကြပါနဲ့”စသည်ဖြင့် အော်ဟစ်နေခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဆင်ဖာရိုပိုး နှင့် ရှာချာကီနို မြို့များရှိ မဲရုံများတွင် ဘောပင်များ ပျောက်သွားသဖြင့် မဲပေးသူ များ ဒုက္ခ ရောက်ခဲ့သေးပြန်သည်။ ထို ပြဿနာသည် အိုဒက်ဆား တွင်လည်း ဖြစ်ခဲ့သေးသည်။ ထိုဘောပင်များကို မည်သူများ ခိုးသွားကြောင်း မသိရသေးချေ။ လူဂန့် ဒေသမှ မဲပေးသူ တဦးကမူ မဲစာရွက် အတော်များများကို ဆွဲယူပြီး ဘာမှ မရေးဘဲ မဲပုံးထဲ ပစ်ထည့်လိုက်ကြောင်း သိရှိရသည်။

အရက်မူးနေသည့် မဲပေးသူ တဦးကမူ မဲစာရွက်ကို အမြည်း အမှတ်ဖြင့် ဝါးစားလိုက်ကြောင်း သိရသည်။ ဇာဇင်းရှိ မဲပေးသူ တဦးမှာ မဲရုံတွင် ဗော့ကာ တခွက်စီနှင့် ဆန်းဒွစ်မုန့် များ အခမဲ့ ကျွေးမွေးသည်ကို မကျေနပ် နိုင်သေးကြောင်း မဲပုံးအတွင်း ကန့်ကွက်စာ ထည့်ခဲ့သည်။ မဲရုံ တာဝန်ခံများက ယင်း ကန့်ကွက်စာကို စုတ်ဖြဲပြီး ယင်းပုဂ္ဂိုလ်အား ကန် ထုတ် လိုက်ရကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here