တောင်ပေါ်တွင် လမ်းပျောက်နေသည့် ကမ္ဘာလှည့် ခရီးသည် Text Message အကူအညီဖြင့် လွတ်မြောက်လာ

alt

နယူးဇီလန် တောင်ပေါ်ဒေသတွင် မျက်စိ လည်နေသော ကမ္ဘာလှည့် ခရီးသည် တဦးသည် မိုင်ပေါင်း ထောင်ချီ ဝေးကွာသည့် ဂရိ နိုင်ငံသို့ Text Message ပေးပို့ကာ အကူအညီ တောင်းခံ ခဲ့ပြီးနောက်

၎င်းအား ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

နယူးဇီလန်၏ အကြီးဆုံး နှင်းဘောလုံး ကစားကွင်းနှင့် ရေခဲပြင် စကိတ်စီး ဧရိယာများ တည်ရှိသည့် ရူးပတ် တောင်သို့ သူငယ်ချင်း တဦးနှင့်အတူ အလည်အပတ် သွားရောက်သည့် မာရီရော့ဆီမိုနီဒစ် သည် လူကွဲကာ မျက်စိလည် လမ်းမှား နေခဲ့သည်။ ၎င်းသည် ရှုခင်းအလှများကို ဓာတ်ပုံ ရိုက်နေစဉ် ယခုလို လူကွဲ သွားခြင်းဟု www.stuff.co.nz ဝဘ်ဆိုဒ်က ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလ (၆)ရက် နေ့က တောင်ပေါ်တွင် တယောက်ထဲ ဒုက္ခရောက်နေသည့် ဆီမိုနီဒစ်သည် တည လုံး နှင်းတောထဲတွင် နေနိုင်လောက်သည့် အပို ပစ္စည်းများလည်း မပါလာခဲ့ချေ။ ယင်းသည် ပေါ့ပေါ့ ပါးပါး အဝတ်အစား များဖြင့်သာ လာရောက်ခြင်း ဖြစ်သောကြောင့် ညဖက် အအေးဒဏ်ကြောင့် သွေး ခဲ သေဆုံးသွားမည့် အခြေအနေ ကိုလည်း ကြောက်ရွံ့ လာတော့သည်။ ထို့နောက်တွင် နည်းပညာ တိုးတက်မှု၏ အကျိုးကျေးဇူး အဖြစ် ဆီမိုနီဒစ်သည် အလွန်ဝေးကွာသည့် ဇာတိနိုင်ငံမှ မိသားစုထံ Text Message ပေးပို့ကာ ၎င်း၏ အခက်အခဲကို အကြောင်းကြားခဲ့သည်။

Message ကို လက်ခံ ရရှိပြီးနောက် မိသားစုက နယူးဇီလန် ရဲတပ်ဖွဲ့ ထံသို့ ဂရိ အရေးပေါ် အခြေအနေ ကူညီရေးဌာန မှတဆင့် အသိပေး အကြောင်းကြား လိုက်သည်။ ထို့ နောက်တွင် နယူးဇီလန် ကယ်ဆယ်ရေး အဖွဲ့ (၄)ခု တို့သည် ယင်း ဧရိယာတွင် လမ်းပျောက်နေသည့် ဂရိ နိုင်ငံသားအား ချက်ချင်းပင် ပိုက်စိပ်တိုက် ရှာဖွေမှု ပြုလုပ်ခဲ့တော့သည်။ သို့တိုင်အောင် ကံဆိုးစွာဖြင့် ဆီမိုနီဒစ်အား ရှာမတွေ့ခဲ့ချေ။ နောက်တနေ့ နံနက်ကျမှသာ အခြားသော ကမ္ဘာလှည့် ခရီးသွား တဦးက ယင်းကို တွေ့ရှိပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ ထံ ချိတ်ဆက်ပေးပို့ လိုက်နိုင်သည်။

ကယ်ဆယ်ရေး တပ်ဖွဲ့မှ ရဟတ်ယာဉ် မောင်းသမား ဟင်နရီဒီဝါးက ဆီမိုနီဒစ်သည် အလွန်အမင်း ဆာလောင်နေသော်လည်း ကျန်းမာရေး ကောင်းမွန်နေသည်ဟု ဆိုသည်။ ၎င်း သည် ကံကောင်းလှသဖြင့် အလွန်အကျွံ အေးခဲမှု မရှိသော ညတညကို ဖြတ်သန်းခဲ့ရပြီး ဗိုက်ဆာသည့်အခါ Energy Bar များကိုသာ စားသောက် နေခဲ့ရသည်။ မည်သို့ပင် ဖြစ်စေ သမုဒ္ဒရာနှင့် ကုန်းမြေအလျား ထောင်ပေါင်း များစွာကို ဖြတ်သန်းပြီး Text Message ပေးပို့ကာ လမ်းပျောက်နေကြောင်း အသိပေးခဲ့သည့် ကိစ္စမှာမူ ရှားရှားပါးပါး ဖြစ်ကြောင်း ဒီဝါးက သတင်းထောက် များအား ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here