မြန်မာ သင်္ဘောသား နှစ်ဦးပါဝင်သည့် သင်္ဘောအား ဆိုမာလီယာ ပင်လယ်ဓားပြများ ပြန်လွှတ်

alt

မြန်မာနိုင်ငံသား သင်္ဘောသား နှစ်ဦး ပါဝင် သည့် သင်္ဘောတစင်းအား ဆိုမာလီယာ ပင်လယ် ဓားပြများ က ပြန်လွှတ်လိုက်ပြီ ဖြစ်သည်။ ပနားမား အလံ လွှင့်ထူထားသည့်

အဆိုပါ ကုန်တင်သင်္ဘောသည် ယခုအခါ ဓားပြ များ လက်မှ လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဥရောပ ယူနီယံ စုပေါင်းရေတပ်က ကြေညာ လိုက်သည်။

ဖေဖော်ဝါရီလ (၉)ရက် နေ့က သင်္ဘောသား (၂၆)ဦး ပါဝင်သည့် သင်္ဘောတစင်း ဓားပြများ လက်မှ ပြန်လွတ် လာပြီဟု စုပေါင်း ရေတပ်က ကြေညာခဲ့ပြီး MV Al Khaliq သင်္ဘောပေါ်တွင် အိန္ဒိယလူမျိုး (၂) ဦး နှင့် မြန်မာ (၂)ဦး ပါရှိကြောင်း သတင်း များက ဖော်ပြခဲ့ကြသည်။

သို့သော်လည်း သင်္ဘောအား ပြန်လွှတ်ရန် ပြန်ပေးငွေ တိတိကျကျ မည်၍မည်မျှ ပေးချေခဲ့ရသည်ကို မသိရ သေး ချေ။ ယင်း သင်္ဘောသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ က ဆိုမာလီ အနောက်ဖက် ကမ်းခြေမှ မိုင်(၁၈၀)အကွာ ဆေးရှဲလ် ကျွန်းတဝိုက်တွင် ကြားဖြတ် ပြန်ပေးဆွဲ ခံလိုက်ရခြင်း ဖြစ်သည်။

ဆိုမာလီယာ ပင်လယ် ဓားပြများသည် အနည်းဆုံး သင်္ဘောသား (၁၈၀) ကျော်မျှနှင့် သင်္ဘော (၈)စင်းကို ပြန်ပေး ဆွဲထားဆဲ ဖြစ်သည်။ ဆိုမာလီယား တွင် အစိုးရ၏ အချုပ် အခြာ အာဏာမှာ (၁၉၉၁)ခုနှစ် ကတည်းက ဆုံးရှုံးခဲ့ပြီး ဖြစ်ရာ ပင်လယ် ဓားပြများကို ဖိဖိစီးစီး နှိမ်နင်းရန် ယခု အချိန်ထိ ခက်ခဲနေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here