ဆော်ဒီ လူ့အခွင့်အရေး လှုပ်ရှားသူများ သက်ကြားအိုနှင့် ကလေးမလေး တဦး ကွာရှင်းခွင့် အတည်ပြုပေးရန် ဆန္ဒပြ

alt

ဆော်ဒီ အာရေဗျနိုင်ငံ လူ့အခွင့် အရေး လှုပ် ရှားသူ များက အသက်(၈၀) အရွယ် အဖိုးအို တဦးအား ကွာရှင်းလိုကြောင်း လျှောက်ထား သည့် အသက်

(၁၂)နှစ် အရွယ် ကလေးမလေး တဦးအတွက် ကွာရှင်းခွင့် အတည်ပြု ပေးရန် ဆန္ဒပြတောင်း ဆိုနေကြောင်း သိရှိရသည်။

၎င်းတို့သည် ကလေးမလေးအား ကူညီရန် ဥပဒေ အကျိုးဆောင် တဦးအား ငှားရမ်း ထားသလို ကလေး ငယ်များအား လက်ထပ်ခွင့် အား တားမြစ် ပိတ်ပင်ပေးရန်ပါ တောင်းဆို လျှက် ရှိသည်။ ဆွန်နီ မွတ်ဆ လင်များ မှီတင်း နေထိုင်သည့် ဆော်ဒီတွင် လက်ထပ်မှုနှင့် ပတ်သက်ပြီး အသက်အရွယ် ကန့်သတ် မထား ပေ။

မိန်းကလေး၏ ဖခင်က မိမိ၏ သမီးအား ထိန်းချုပ်နိုင်သလို မည်သူနှင့်မဆို လက်ထပ်ပေး နိုင်သည့် ဥပဒေမျိုးသာ ဆော်ဒီတွင် ရှိနေဆဲ ဖြစ်သည်။ ဘူရီဒါရှိ အဆိုပါ မိန်းကလေးသည် ရီရယ်ငွေ (၈၅၀၀၀) [ပေါင်စတာလင် (၁၅၅၀၀) ] ခန့်ဖြင့် ဖခင်ဖြစ်သူ၏ ဝမ်းကွဲ အစ်ကိုထံ ယမန်နှစ်က ရောင်းစားခြင်း ခံ ခဲ့ရကြောင်း ရှေ့နေ ဆူလတန် ဘင်ဇာဟင် က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

သူမ၏ ကနဦး ကွာရှင်းခွင့် တောင်းဆိုမှုမှာ ပယ်ချ ခံထားရသည့်တိုင် လူ့အခွင့်အရေး လှုပ်ရှားသူ များက သူမ၏ တောင်းဆိုမှု အောင်မြင်အောင် ဖိအားပေး ဆန္ဒပြသွားရန် စီစဉ်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် ရေနံထုတ်လုပ်မှု အမြင့်မားဆုံး ဖြစ်သည့် ဆော်ဒီသည် ကုလသမဂ္ဂ၏ ကလေး သူငယ်ဆိုင်ရာ အခွင့် အရေးများ ပြဌာန်းချက်ကို သဘောတူ လက်မှတ်ရေးထိုး ထားသော်လည်း ကလေးများကို အသက် (၁၈) နှစ် မပြည့်မီ လက်ထပ်ခွင့် မပြုဆိုသည့် အချက်ကိုမူ မိသားစု အခြေအနေ အရသာ ဆုံးဖြတ်ခွင့် ပေး သည့် အနေနှင့် နိုင်ငံအတွင်း တရားဝင် သတ်မှတ် မထားပေ။

အစိုးရက ကလေးငယ်များ လက်ထပ်မှုအား တားဆီး ပိတ်ပင်မည့် ဥပဒေကို ရေးဆွဲရန် စီစဉ်မှုများ ရှိ နေကြောင်း အရိပ်အမြွက် ပြောဆိုထားသည့်တိုင် နိုင်ငံအတွင်းရှိ မွတ်ဆလင် ဘာသာဝင်များ အုံကြွလာ နိုင်သော အခြေအနေ ကို စိုးရိမ်ထိတ်လန့် နေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခန့်မှန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here