တိုက်သင်္ဘော ဝယ်ယူရန် ရုရှား ကမ်းလှမ်းချက် ပြင်သစ်အစိုးရ လက်ခံလိုက်

alt

ရုရှား ရေတပ်အတွက် တိုက် သင်္ဘော တစင်း ဝယ်ယူရန် ကမ်းလှမ်းမှုအား ပြင်သစ် အစိုးရက လက်ခံလိုက်ခြင်း အပေါ် ပြင်သစ်၏ စစ်ရေး မဟာမိတ် NATO တပ်ဖွဲ့

ဝင် နိုင်ငံများကြား စိုးရိမ်မှုများ ပေါ်ပေါက် နေ ကြောင်း သိရှိရသည်။

Mistral အမျိုးအစား တိုက်ခိုက်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး စစ်သင်္ဘော တစင်းအား ရုရှားက ဝယ်ယူရန် လွန်ခဲ့သော လပိုင်း ကတည်းက ကမ်းလှမ်းထားပြီး ဖေဖော်ဝါရီလ (၈)ရက် နေ့တွင် ပြင်သစ်က သဘောတူ လိုက်ပြီ ဖြစ်သည်။

ပြင်သစ်၏ ခေတ်အမီဆုံး အမျိုးအစား စစ်သင်္ဘော အတွက် ရုရှားက ယူရိုသန်း(၅၀၀) အထိ ပေးချေ ရမည် ဖြစ်ပြီး နောက်ထပ် (၃)စင်းကို ဝယ်ယူ လိုကြောင်းလည်း တောင်းဆိုထားဆဲ ဖြစ်သည်။ ရုရှား ရေတပ်သည် ခေတ်မမီ တော့ သည့် သင်္ဘောများ နေရာတွင် အပြည့်အဝ အစားထိုးရန် ခေတ်မီ တိုက်ခိုက်ရေး ရေယာဉ်များကို စိတ်ဝင်စား နေရာမှ ပြင်သစ်လုပ် Mistral များအား မျက်စိကျလာခြင်း ဖြစ်သည်။

ယခု ရောင်းချမည့် သင်္ဘောအား မည်သည့်နေရာတွင် ဆောက်လုပ်သွားမည်ကို ပြင်သစ် အစိုးရက တိတိကျကျ ကြေညာခြင်း မရှိသေးပေ။ အမေရိကန် အစိုးရက ယခုကဲ့သို့ မဟာမိတ် နိုင်ငံတခု စစ်ရေးပြိုင်ဖက် ရုရှားထံ လက်နက် ရောင်းချမှုအား စိုးရိမ်မိကြောင်း အတိအလင်း ပြောကြားလိုက်သည်။ ပြင်သစ် ကမူ ၎င်းတို့သည် ရုရှား အား သင်္ဘော ချည်းသာ ရောင်းချမည်ဖြစ်ပြီး စစ်ဖက်သုံး ခေတ်မီ လက်နက်များ တပ်ဆင်ပေးသွားမည် မဟုတ်ဟု အာမခံ ပြောကြားထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here