ကြွက်သတ် စားခဲ့သည့် အစီအစဉ် တင်ဆက်သူ ဒဏ်ရိုက်ခံရ

alt

ကြွက်တကောင်အား သတ်စား ခဲ့မှုကြောင့် ဗြိတိန် နာမည်ကျော် ရုပ်မြင်သံကြား အစီအစဉ် တင်ဆက် သည့် ဌာနအား တိရိစ္ဆာန် ညှင်းပမ်း မှုဖြင့် ဒဏ်ရိုက်လိုက် ကြောင်း သိရ သည်။ 

နာမည်ကျော် Reality ရုပ်မြင်သံကြား အစီ အစဉ် I’m a Celebrity: Get Me Out of Here ကို ပြသစဉ် အီတလီ စားဖိုမှူး ဂျီနိုဒီ အကမ်ပို နှင့် ဗြိတိသျှမင်းသား စတူးအပ် မန်းနင်း တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလက အစီအစဉ် ရိုက်ကူးနေစဉ် အတွင်းမှာပင် ယင်းကြွက်အား သတ်ဖြတ်ခဲ့ ခြင်း ဖြစ်သည်။

ဩစတြေးလျတွင် ရိုက်ကူးခဲ့သည့် အဆိုပါ အစီအစဉ်ကြောင့် တိရိစ္ဆာန် စောင့်ရှောက်ရေး အသင်း အဖွဲ့များက အစီအစဉ် တင်ဆက်သည့် ITV ကို အကြီးအကျယ် ရှုတ်ချမှုများ ပြုလုပ်ခဲ့ပြီးနောက် ITV က ယင်းအတွက် အပြစ် ရှိကြောင်း ဖေဖော်ဝါရီလ (၈)ရက် နေ့က ဝန်ခံခဲ့သည်။

ဆစ်ဒနီ တရားရုံးက ယင်း သနားစရာ ကြွက်ငယ်သည် ဓားနှင့် အထိုးခံရပြီး (၁)မိနစ်ခွဲ အကြာတွင် သေဆုံးခဲ့ ကြောင်း၊ အဆိုပါ လုပ်ရပ်သည် မလိုအပ်ဘဲ တိရိစ္ဆာန် တကောင်အား ရက်ရက်စက်စက် ညှင်းဆဲ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဆုံးဖြတ်ကာ ITV အား ဩစတြေးလျ ဒေါ်လာ (၃၀၀၀) ဒဏ်ရိုက်ခဲ့ပြီး တရားရုံး ကုန်ကျစရိတ် အဖြစ် ဩစတြေး လျ ဒေါ်လာ (၂၅၀၀) ပေးဆောင်ရန်ပါ အမိန့်ချမှတ် လိုက်သည်။

တိရိစ္ဆာန် အခွင့်အရေး အဖွဲ့တခု ဖြစ်သည့် RSPCA အကြီးအကဲ ဒေးဗစ်အိုရှန်နက်ဆီ က တိရစာ္ဆန်တိုင်းအား မလိုအပ်ဘဲ ရက်စက်စွာ ပြုမူခြင်း၊ နာကျင်စေခြင်း တို့ကို မပြုလုပ်ရန် နယူးဆောက်ဝေးလ် တွင် ဥပဒေ ပြဌာန်း ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ITV မှ တာဝန်ရှိသူ တဦးက ယင်း ကိစ္စအတွက် ITV အနေနှင့် တရားဝင် တောင်းပန် ပါကြောင်းလည်း အတည်ပြု ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here