ဟေတီ ငလျင် ဒုက္ခသည်များ ထံသို့ အိန်ဂျယ်လီနာ ဂျိုလီ သွားရောက် လည်ပတ်

alt

ဟေတီနိုင်ငံတွင် ငလျင်ကြီး လှုပ်ခတ် ပြီး နောက် အသက်ရှင် ကျန်ရစ် သူများ ထံသို့ ဟောလီးဝုဒ် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီ သွားရောက် လည်ပတ်ကာ အားပေး ခဲ့ကြောင်း သိရှိရသည်။

Wanted စတား မင်းသမီး သည် ဖေဖော်ဝါရီ လ (၈)ရက် နေ့က ငလျင်ဒဏ်ခံ ပို့ဩပရင့်မြို့မှ Dario Contreras ဆေးရုံသို့ သွား ရောက်လည် ပတ်ကာ လူနာများနှင့် တွေ့ဆုံခဲ့ သည်။

ဆေးရုံမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒါရီယို မာနွန် က ဂျိုလီသည် ကလေးငယ်များ၊ ဟေတီ အမျိုးသမီး များနှင့် တွေ့ဆုံကာ အားပေး စကား ပြောကြားခဲ့ကြောင်း၊ ထိုလုပ်ရပ်သည် ငလျင်ဒဏ်ခံ ပြည်သူများ အတွက် စိတ်ပိုင်း ဆိုင်ရာ အကြီးအကျယ် မြင့်တက်စေခဲ့ကြောင်း ပြောကြားသွားသည်။ ဂျိုလီသည် သူမ၏ ချစ်သူ မင်းသား ဘရတ်ပစ် နှင့်အတူ ဟေတီငလျင် ဒဏ်သင့် ပြည်သူများ အတွက် ဒေါ်လာ (၁) သန်း  လှူဒါန်းထားပြီး ဖြစ်သည်။

သူမသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့် ကော်မရှင်နှင့် UNICEF တို့အတွက် စေတနာ ရှင် သံတမန် အဖြစ်လည်း တာဝန် ယူထားခဲ့သည်။ ဂျိုလီသည် ဟေတီသို့ ဟေတီ စာရေးဆရာ မာရီယို ဗားဂက်လိုဆာ ၏ သားဖြစ်သူ ဂွန်ဇာလို ဗားဂက်လိုဆာနှင့် အတူရောက် ရှိလာခဲ့သည်။ ဂျိုလီသည် ပစ် နှင့် လမ်းခွဲတော့မည် ဆိုသော သတင်းများကိုလည်း မကြာသေးမီက တရားဝင် ငြင်းဆန်ထားသည်။

ထို့အပြင် သူမတို့ မိသားစုအား ထိခိုက်စေသည့် ဖော်ပြချက်များ အတွက် သက်ဆိုင်ရာ သတင်းဌာန များကို တရားဥပဒေ အရ အရေးယူသွားရန် စီစဉ်နေကြောင်းလည်း သတင်းထွက်လျက် ရှိသည်။ ဂျိုလီ နှင့် ပစ်တို့တွင် မွေးစားကလေး (၃)ဦး အပါအဝင် သားသမီး (၆)ယောက် အထိ ရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here