မန်ချက်စတာ စီးတီးမှ အိုင်ယာလန်အား ပရီးမီးယား အသင်းများ ခေါ်ယူရန် အသင့်

alt

မန်ချက်စတာ စီးတီးမှ ရောင်း ထုတ်ဖွယ် ရှိကြောင်း သတင်း ထွက်နေသည့် စတီဖင် အိုင်ယာ လန်အား ခေါ်ယူရန် ပရီးမီးယား လိဂ် ထိပ်တန်း ကလပ်

ကြီး(၃)ခုက အသင့် ဖြစ်နေကြောင်း သိရှိရ သည်။

အသက် (၂၃) နှစ်အရွယ် အိုင်ယာလန် လက် ရွေးစင် ကွင်းလယ်လူသည် နည်းပြသစ် ရောဘတ်တို မန်စီ နီ၏ စိတ်ကြိုက် ကစားသမား တဦးအဖြစ်တွင် ရှိမနေ ခြင်းကြောင့် စီးတီးက ရောင်းချနိုင်ကြောင်း ဗြိတိန် Daily Mail သတင်းစာက ဖော်ပြခဲ့ပြီးနောက် မန်ချက် စတာ ယူနိုက်တက်၊ လီဗာပူး နှင့် တော့ တင်ဟမ် ဟော့စပါး တို့က ခေါ်ယူရန် စိတ်ဝင်စား လာ ကြခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ် အတွေ့အကြံုရှိ ကွင်းလယ် လူအား ယူနိုက်တက် နည်းပြ ဆာအဲလက်စ် ဖာဂူဆန်က ယခင် ကတည်းက မျက်စိကျ နေခဲ့ပြီး အသင်းမှ အသက် အရွယ် ကြီးရင့်နေသည့် အင်္ဂလန် လက်ရွေးစင် ပေါစခိုးလ် နေရာတွင် ရေရှည် အစားထိုးသွားနိုင်ရန် မျှော်လင့် ထားသည်။

ထို့အတူ လီဗာပူးရော၊ တော့တင်ဟမ် ကပါ ၎င်းတို့၏ ကွင်းလယ် တိုက်စစ်အတွက် အိုင်ယာလန်အား သဘောကျ နေကြောင်း သိရှိရ ပြန်သည်။ အိုင်ယာလန်သည် ယမန်နှစ်က ပြိုင်ပွဲ အရပ်ရပ်တွင် စီးတီး အတွက် (၁၃)ဂိုး အထိ သွင်းယူကာ ၎င်း၏ တန်ဖိုးကို စီးတီးတွင် ပြသ ထားနိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here