အင်္ဂလန် မြို့တော်ဝန်ဟောင်း အတွင်းခံ အဝတ်အထည် ခိုးမှုဖြင့် ထောင်ကျ

alt

အင်္ဂလန်မှ မြို့တော်ဝန်ဟောင်း တဦးမှာ အတွင်းခံ အဝတ်အထည်များ ခိုးယူမှုကြောင့် ထောင်(၂)နှစ် ကျသွားကြောင်း သိရှိရသည်။ အသက် (၅၉)နှစ် အရွယ် လူပျိုကြီး အီယန်စတန်းဖို့တ် သည် ယခင်က

ပရီဆဲမြို့လေး၏ မြို့ဝန်အဖြစ် ဆောင်ရွက်ခဲ့ ဖူးသည်။ သို့သော်လည်း ၎င်းသည် (၂၀၀၉) ခုနှစ်က ဖောက်ထွင်းမှု တခုတွင် ပါဝင် ပတ်သက် နေကြောင်း စွပ်စွဲ ခံရပြီးနောက် ရာထူးမှ နှုတ်ထွက်ခဲ့ရသူ ဖြစ်သည်။

၎င်းသည် (၂၀၀၉)ခုနှစ် ဇန်နဝါရီလ (၁)ရက် နေ့မှ ဇွန်လ (၂၆)ရက်နေ့ အတွင်း စတယ်မိုင်း နှင့် ပေါ်တန်လီဖိုင်း မြို့လေး များတွင် အတွင်းခံ အဝတ်အထည် များနှင့် အခြားသော အဝတ်အစား အချို့ တို့ကို ခိုးယူခဲ့ကြောင်း စွဲချက်တင် ခံခဲ့ရသည်။ ၎င်း သည် ထိုမြို့များရှိ နေအိမ်များသို့ အလုပ်သမား ပုံစံ၊ ဥယျာဉ်မှူး ပုံစံမျိုးဖြင့် ချဉ်းကပ် ဝင်ရောက်လေ့ရှိပြီး ဗီရိုနှင့် အံဆွဲများ အတွင်းရှိ အတွင်းခံ အဝတ် အစားများကို မွှေနှောက်ရှာဖွေ ယူငင်လေ့ ရှိသည်။

ထို့နောက်တွင် အမျိုးသမီး တဦးက သူမ၏ အိမ်ရှိ CCTV ကင်မရာ မှတ်တမ်းတွင် ပါရှိသော ပုံရိပ် အရ လက်သည်အား ရှာဖွေခဲ့ပြီးနောက် မြို့ဝန်၏ စောရနက္ခတ် လုပ်ရပ်များမှာ ထင်ထင်ရှားရှား ပေါ် ပေါက် လာတော့သည်။ (၁၄)မိနစ်ကြာ မှတ်တမ်း ဗီဒီယိုတွင် ခါးအောက်ပိုင်း အဝတ်အစား မပါဘဲ လျှောက်သွားနေသည့် အီယန်၏ ပုံကို တရားရုံးက အတည်ပြု လိုက်ပြီးနောက် ယခုလ အစောပိုင်းက ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အီယန် နောက်ဆုံး ဖောက်ထွင်းခဲ့သည့် အမျိုးသမီး၏ တိုင်ကြားမှုကြောင့် ရဲများက အီယန်၏ နေအိမ်ကို ဝင်ရောက် စီးနင်းရှာဖွေရာ အတွင်းခံ ဘောင်းဘီအား ပြန်လည် သိမ်း ဆည်းနိုင်ခဲ့သည်။ ထိုဘောင်းဘီတွင် အမျိုးသမီး၏ အမည်ကို ရေးထိုးထားသည့် အမှတ်အသား ပါရှိသည်။ ယင်း အတွင်းခံ ဘောင်းဘီမှာ အတော် တန်ဖိုးကြီးရာ ပေါင် စတာလင် (၉၀၀)မျှ ကျသင့်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here