ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါ အနီး ငလျင်လှုပ်

alt

ဂျပန်နိုင်ငံ တောင်ပိုင်းကို ဗဟိုပြုပြီး ငလျင် တခု လှုပ်ရှားသွားကြောင်း သိရှိရသည်။ ဖေဖော်ဝါရီ လ (၈)ရက် နေ့က ဂျပန် အနောက် တောင်ပိုင်း ရိုင်ကျူကျွန်းစုကို ဦးတည် ကာ ပြင်းအားအဆင့် (၆.၄)

ရှိသော ငလျင်တခု လှုပ်ရှားသွားကြောင်း အမေရိကန် ငလျင် တိုင်းတာရေး အဖွဲ့က ကြေညာခဲ့သည်။

ငလျင်သည် နိုင်ငံအနောက် တောင်ပိုင်းရှိ အီရှီကာကျွန်းမှ တောင်ဖက်(၁၁၄)ကီလိုမီတာ အကွာ ရေ အနက် (၁၆) ကီလိုမီတာကို ဗဟိုပြု လှုပ်ရှားသွားခြင်း ဖြစ်သည်။ ယင်းနေရာသည် ထိုင်ဝမ် အရှေ့ဖက် ကီလိုမီတာ (၂၂၀) အကွာတွင် တည်ရှိသည်။

သို့သော်လည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု မရှိသလို သေဆုံးမှု သတင်းလည်း မရကြောင်း ဂျပန် အာဏာပိုင် များကဆိုသည်။ ထို့အပြင် ဆူနာမီရေလှိုင်း သတိပေးချက် ကိုလည်း ပစိဖိတ် ဆူနာမီ သတိ ပေး စင်တာက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဂျပန်၏ NHK သတင်းဌာနကမူ စင်တီမီတာ (၅၀)မျှရှိသော လှိုင်းလုံးများ ရိုင်ကျူကျွန်း အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်ကြောင်း သတိ ပေးထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here