ဒူဘိုင်း လေယာဉ် အကြမ်းဖက်မှု လုပ်ကြံ သတင်းကြောင့် နှောင့်နှေးခဲ့ရ

alt

ဒူဘိုင်း လေကြောင်းပိုင် လေယာဉ် တစင်းမှာ အကြမ်းဖက် သမား များက တိုက်ခိုက်မည်ဟု လုပ်ကြံ သ တင်းပေးမှုကြောင့် (၄)နာရီမျှ ဆိုင်းငံ့ ခဲ့ရကြောင်း သိရသည်။

Emirate လေကြောင်းမှ EK 505 လေယာဉ် တွင် အကြမ်းဖက် သမားများ လိုက်ပါ လာကြောင်း လိမ်လည်သတင်း ပေးမှုကြောင့် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်း လေဆိပ်တွင် (၄) နာရီမျှ နှောင့်နှေးနေခဲ့ပြီး မသင်္ကာသူ စုံတွဲ တတွဲကိုလည်း ရဲများက ဖမ်းဆီး ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် အိန္ဒိယ ရုပ်မြင်သံကြား ဌာနများက သတင်းမှား သာဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်း လေယာဉ်သည် ဖေဖော်ဝါရီ (၇) ရက်နေ့က ပျံတက်ရန် အသင့်အနေ အထား ရှိနေစဉ် ဖုန်းခေါ်ဆိုမှု တခုက ခုံအမှတ် F17 တွင် အကြမ်းဖက်သမား စစ်သွေးကြွတဦး လိုက်ပါလာကြောင်း အာဏာပိုင် များထံ သတင်းပေး ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် လေယာဉ်အား သီးသန့် လေယာဉ်ရုံ တခုသို့ မောင်းနှင်စေကာ ခရီးသည် (၃၅၆)ဦးနှင့် ၎င်းတို့၏ ဝန်စည် စလှယ်များ အားလုံးကို စစ်ဆေးတော့သည်။ ထို့အပြင် ခရီးသည် တဦးနှင့် ၎င်း၏ ဇနီးတို့ကိုပါ အာဏာ ပိုင်များက ခေတ္တ ထိန်းသိမ်း ခဲ့သေးသည်။ နောက်ပိုင်းတွင်မူ ယင်းတို့ကို ပြန်လွှတ်ပေးခဲ့ပြီး လေယာဉ်မှာ မူလ ခရီးစဉ် အတိုင်း ပျံသန်းထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။

လေဆိပ် အာဏာပိုင်များက သတင်းပေးသူသည် လေယာဉ်တွင် လိုက်ပါလာသည့် အကြမ်းဖက်သမားမှာ ရှာဘက်ခန် ဆိုသူဖြစ်ကြောင်းပင် အတိအကျ ပြောဆိုခဲ့သေးကြောင်း သတင်းထောက်များထံ ဝန်ခံ ပြောဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here