Avatar ဇာတ်ကား Box Office နေရာကို Dear John ရယူသွား

alt

Avatar ၏ အမေရိကန်တွင် ဝင်ငွေ အကောင်းဆုံး ဇာတ်ကား အဖြစ် (၇)ပါတ် ဆက်တိုက် ရပ်တည် နေမှုကို Dear John က အဆုံးသတ် ပေးလိုက်ပြီ ဖြစ်သည်။

Drama ဇာတ်ကားသစ် Dear John သည် ယခု သီတင်းပါတ် အတွင်း ဝင်ငွေဒေါ်လာ (၃၂.၄) သန်း ရရှိခဲ့ကာ Box Office ထိပ်ဆုံးသို့ တက်လာ ပြီး စိတ်ကူးယဉ်သိပ္ပံ 3D ဇာတ်လမ်း Avatar ကမူ ဒေါ်လာ (၂၃) သန်းဖြင့် ဒုတိယ နေရာသို့ ဆင်းသွားခဲ့ရပြီ ဖြစ်သည်။

နစ်ကိုလတ်စပက်၏ ဝတ္ထုကို ရိုက်ကူးထားသည့် Dear John သည် ရုံမတင်မီ ကတည်း Box Office တွင် ကြီးစိုး နေသည့် Avatar ကို ကျော်ဖြတ်နိုင်ဖွယ် ရှိကြောင်း ရုပ်ရှင် အကဲဖြတ်များက ခန့်မှန်း ထားကြသည်။ ယင်း ဇာတ်ကား သည် သားအဖ မေတ္တာနှင့် ချစ်သူနှစ်ဦး အကြောင်း ဖော်ကျူးသည့် ခံစားမှု အသားပေး Drama ဇာတ်ကားဖြစ်သည်။ Avatar သည် ပြီးခဲ့သည့် သီတင်းပါတ်ထက် ဝင်ငွေ (၂၅)ရာခိုင်နှုန်း ကျဆင်း သွားခြင်း ကြောင့် ဒုတိယ နေရာသို့ ဆင်းပေးလိုက်ရခြင်း ဖြစ်သည်။

သို့သော်လည်း ကမ္ဘာအရပ်ရပ်မှ စုစုပေါင်း ဝင်ငွေ ဒေါ်လာ(၂.၂) ဘီလျံကျော် ရရှိထားခြင်း နှင့်အတူ သမိုင်း တလျှောက် ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ်ပါ အောင် မြင်ခဲ့ပြီး ဖြစ်သည်။ Dear John သည် လူငယ် သရုပ်ဆောင်များ ဖြစ်သည့် ချန်နင်တာတမ် နှင့် အမန်ဒါဆီဖရိုင် တို့ ပါဝင်ပြီး ရုံစတင်သည့် သီတင်းပါတ် တွင်ပင် ခန့်မှန်း သည်ထက် အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ထို့အတူ လိုင်းယမ်းဂိတ်ကုမ္မဏီ အတွက် စိတ်ပျက်ဖွယ်မှာ ဂျွန်ထရာဗိုတာ ၏ “From Paris With Love” ရုံတင် လာသော်လည်း ဝင်ငွေ ၈.၂သန်းသာ ရရှိသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here