ကျောင်းသား ဗီဇာများအား တင်းကြပ်စွာ စိစစ်တော့မည်ဟု ဗြိတိန် အတည်ပြု

alt

နိုင်ငံ အတွင်းသို့ ကျောင်းသား ဗီဇာဖြင့် ဝင်ရောက်မှုကို တင်းတင်းကြပ်ကြပ် စီစစ် ကိုင်တွယ် သွားမည်ဟု ဗြိတိန် နိုင်ငံက အတည် ပြုခဲ့သည်။ ကျောင်းသား ဗီဇာဖြင့် ဝင်ရောက် လာသော တရားမဝင်

အလုပ်သမား အရေအတွက် များပြား လာခြင်း ကို ဖြေရှင်းရန် ယခုလို စီစဉ်ရခြင်းဟု ဗြိတိန် ပြည်ထဲရေး ဝန်ကြီး အလန်ဂျွန်ဆန် က ဖေဖော်ဝါရီ လ (၇)ရက် နေ့က ပြောကြား လိုက်သည်။

ဗြိတိန် နိုင်ငံသည် ပြည်ပ ကျောင်းသားများအား လက်ခံကြိုဆို နေသော်လည်း လူငယ်လူရွယ် များထက် အသက်ကြီး ပိုင်းများက ကျောင်းသား ဗီဇာဖြင့် ပြည်တွင်း ဝင်ရောက်လာမှု ပိုမိုများပြား နေကြောင်း ဂျွန်ဆန်က ဆိုသည်။

ယင်းတို့သည် ဘွဲ့ဒီဂရီအတွက် ပညာသင်ရန် အဓိက မရည်ရွယ်ဘဲ နိုင်ငံအတွင်း တရားမဝင် နေထိုင်ကာ အလုပ် လုပ် ကိုင်ရန်သာ လာရောက်ခြင်းဟု ဂျွန်ဆန်က စွပ်စွဲခဲ့သည်။ ထို့အပြင် ဂျွန်ဆန်က နိုင်ငံ ခြား ကျောင်းသားများ အနေနှင့် တပါတ်တွင် အချိန်ပိုင်း အလုပ် လုပ်ခွင့် နာရီ(၂၀) ခွင့်ပြုထားရာမှ (၁၀) နာရီသို့ ဖြတ်တောက် လျှော့ချ တော့မည် ဟုလည်း အတည်ပြုခဲ့သည်။

ဗြိတိန် နိုင်ငံတွင် ပညာရေးကို အကြောင်းပြကာ ရွှေ့ပြောင်း လုပ်သားများ အမြောက်အမြား ဝင်ရောက် လာမှု ကြောင့် အစိုးရ၏ ဥပဒေများ အပေါ် ယခင် ကတည်းက ဝေဖန်မှုများ မြင့်တက် နေခဲ့ပြီး ဖြစ်သည်။ ဂျွန်ဆန်က ဗြိတိန်သို့ ဝင်ရောက်ခွင့် လျှောက်ထားသည့် ကျောင်းသားများ အနက် (၃၀) ရာခိုင်နှုန်းမျှ ကိုသာ လက်ခံသွားဖွယ် ရှိ ကြောင်း လည်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here