မြန်မာ နိုင်ငံတွင် ကြက်၊ ငှက်တုပ်ကွေး တကျော့ပြန်ဖြစ်

alt

ကြက်၊ ငှက်တုပ်ကွေး ရောဂါပိုး H5N1 မှာ မြန်မာ နိုင်ငံသို့ တကျော့ ပြန် ရိုက်ခတ်လာပြီ ဖြစ်သည်။ ရန်ကုန်တိုင်း၊ မရမ်းကုန်း မြို့နယ် တွင် ဖေဖော်ဝါရီလ အစောပိုင်းက ယင်း ရောဂါပိုး

ပျံ့နှံ့ကူးစက်မှု တခုကို ယခုနှစ် အတွင်း ပထမ ဆုံး ပြန်လည် တွေ့ရှိရကြောင်း စိုက်ပျိုး မွေးမြူရေး ဌာန တာဝန်ရှိသူ များက အတည်ပြု ပြောကြား သွားခဲ့သည်။

ယခုအခါ အဆိုပါ ရောဂါပိုး ကူးစက်မှုကို တားဆီးနိုင်ရန် အစီအစဉ်များ ဆောင်ရွက်ထားပြီး တရားမ ဝင် ကြက်၊ ဘဲ တင်ပို့မှုများ၊ ရွှေ့ပြောင်းမှု၊ ရောင်းချ မှုများကို တားမြစ်ထားပြီဟု သိရှိရသည််။

(၂၀၀၈) ခုနှစ်၊ ဧပြီလ အတွင်းက ကမ္ဘာ့ တိရိစ္ဆာန် ကျန်းမာရေး အဖွဲ့ (OIE) က မြန်မာနိုင်ငံသည် ကြက်၊ ငှက်တုပ်ကွေး ကင်းမဲ့သည့် နိုင်ငံအဖြစ် ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုနှစ် ဇန်နဝါရီ လက ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သော်လည်း စိုက်ပျိုး ရေးနှင့် မွေးမြူရေးဌာနက (၃)လ အ တွင်း ယင်း ရောဂါပိုး မြန်မာနိုင်ငံ အတွင်း ပျံ့နှံ့ ရောက်ရှိနေမှု မရှိတော့ကြောင်း အတည်ပြု ပြောဆိုပြီးနောက် OIE က ယခုလို ကြေညာပေးခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here