တာလီဘန် တို့အား နေတိုးတပ်ဖွဲ့က ထိုးစစ်ကြီး ဆင်နွှဲတော့မည်ဟု အတည်ပြု

alt

NATO တပ်ဖွဲ့များက အကြီးမားဆုံး ထိုးစစ် ကြီး ဆင်နွှဲတော့မည်ဟု အတည်ပြု ထားပြီး နောက် တာလီဘန် တို့ ခိုအောင်းနေရာ ဒေသ များရှိ ရာပေါင်း

များစွာသော ဒေသခံ ရွာသားများမှာ နေရပ် ကို စွန့်ခွာ သွားကြပြီ ဖြစ်သည်။

အမေရိကန် ဦးဆောင်သော NATO စစ် မဟာမိတ် တပ်ဖွဲ့များသည် အာဖဂန် နစ္စတန် တောင်ပိုင်းရှိ ဟယ်မန်းဒေသ၊ မာဂျာ မြို့ကို ဦးတည်ကာ အပြင်းထန်ဆုံး ထိုးစစ် ကြီးတခု ဆင်နွှဲသွားရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ အာဖဂန် အခြေစိုက် တာလီဘန် အကြမ်းဖက် သမားတို့ကလည်း အပြင်းအထန် ခုခံရန် ကြေညာထားရာ အလွန် ကြောက်စရာကောင်းသည့် တိုက်ပွဲကြီးများ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ယခု ထိုးစစ်အတွင်း NATO စစ်သည် အမြောက်အမြား အသက် ပေး ရနိုင် ကြောင်းလည်း သတိပေး ပြောဆို ထားသေးသည်။ ဗြိတိသျှ ကာကွယ်ရေးဝန်ကြီး ဘော့အန်း ဆွော့က ထိုဒေသသည် လုံခြံမှု မရှိသော နေရာ တခုဖြစ်ကြောင်း၊ ထိုမျှလောက် အန္တရာယ်များသည့် ထိုးစစ်မျိုး အာဖဂန်တွင် မဆင် နွှဲခဲ့ဖူးကြောင်း ပြောကြားထားသည်။

Operation Mushtarakဟု အမည်ပေးထားသည့် စစ်ဆင်ရေးမှာ ပက်ရှ်တွန်ဘာသာစကားအရ အတူတကွဟု အဓိပ္ပါယ် ရသည်။ ယင်းထိုးစစ်ကြီးကို NATOတပ်ဖွဲ့များက လာမည့်ရက်အနည်းငယ်အတွင်း အာဖဂန် တောင်ပိုင်း တွင် စတင်လာဖွယ် ရှိနေသည်။ ဗြိတိန် စစ်တပ်များ အားလုံးကို ထိန်းချုပ်စေခိုင်း သွားမည့် ဗိုလ်ချုပ်ကြီး နစ်ခ့် ကာတာ က ယခု စစ်ဆင်ရေးသည် ယခင် အကြိမ်များနှင့် ကွဲပြားမည်ဟု ဝန်ခံထားခဲ့သည်။ ထို့အပြင် အာဖဂန် အစိုးရ တပ်ဖွဲ့များသည် စစ်ကြောင်း၏ ရှေ့ဆုံးတွင် ပထမဆုံး အကြိမ် ဦး ဆောင်မည်ဟု ကာတာ က အတည်ပြု ခဲ့သည်။

NATO စစ်ဦးစီးများက စစ်သည်များ အနေနှင့် ဒေသတွင်း အာဖဂန် ပြည်သူများ၏ လုံခြံုရေးကို ပြည့်ပြည်ဝဝ အကာ အကွယ် မပေးနိုင်ခြင်းမှာ အကြီးမားဆုံး ပြဿနာ တခု ဖြစ်လာကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။ ဟယ်မန်း ဒေသသည် အာဖဂန် စစ်ကြောင်းများ အခိုင်အမာ ခြေကုပ်ယူ တပ်စွဲထားဆဲ နေရာတခုအဖြစ် ရပ်တည်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here